Ep-10

928 41 2
                                    

!Unicode!

ဒဏ်ရာက တဆစ်ဆစ်ကိုက်ခဲနေတာကြောင့် ကောင်းကောင်းအိပ်မပျော် လှုပ်လဲမလှုပ်ရဲ။

မတော်တဆ​ ကိုကိုနိုးသွားရင်​ ပွားတာခံရဦးမည်။ ဘာ့ကြောင့်ဆိုတာလဲ မရှင်းပြချင်။ ထင်ချင်သလိုထင်ပြီး တိတ်တဆိတ်နေလိုက်ပါတော့။

ခေါင်းကိုလက်နဲ့ဖိထားပြီး 'ကျစ်'​ ခုမှခေါင်းကထိုးကိုက်နေပြန်ပြီ။ ဘောပဲ​ကွာ။ အဖျားကြောင့်ကော  ဒဏ်ရာတွေကြောင့်ကော စိတ်တွေရှုပ်ထွေးပြီး ဘာမှမဟုတ်ဘဲ တစ်ယောက်ထဲဒေါသတွေထွက်နေပြန်သည်။

ဘောလိုပဲ ဒီခွေးစိတ်နဲ့တော့ အသက်ရှည်မှာမဟုတ်။ ဒေါသထွက်ရင် ခွေးစိတ်ကထလာရော။ ဘယ်လိုမှထိန်းလို့မရတာ။

ဒေါသထွက်ထွက်နဲ့ လက်က အပ်ကိုဆွဲဖြုတ်ပြီး​အနီးနားက ထပ်ထည်ကိုကောက်ဝတ်ကာထွက်လာလိုက်တယ်။ အိပ်ကပ်ထဲလက်ထည့်လိုက်တော့​ လိပ်စာကဒ်လေးတစ်ခု။ ထုတ်ကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။

ညဥ့်နက်နေပေမယ့် ဆေးရုံဆိုတော့ နေ့ဘက်လိုပဲ သွားလာနေကြတာများ။ ဆေးရုံအပြင်ဘက်ထွက်လာပြီး ရပ်ထားတဲ့ Taxi ထဲဝင်ထိုင်ကာ​ လိပ်စာလေးတစ်ခုရွတ်လိုက်တယ်။

လိုရာရောက်တော့ ကားခရှင်းပြီး အဆောက်ဦးတစ်ခုရှေ့အချိန်တော်ကြာရပ်ပြီး စဥ်းစားနေပြန်တယ်။ ပြီးမှ​ တစ်လှမ်းချင်းလှမ်းဝင်သွားပြီး barmaid ရှေ့ဝင်ထိုင်လိုက်တယ်။

"ဘယ်ဆိုးလို့လဲ တိတ်ဆိတ်သားပဲ"

အရက်စပ်နေရင်း မျက်လုံးလှန်ကြည့်ကာ

"မိစ္ဆာ​မလေး​ ဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား"

"အင်း​ ခိုးထွက်လာတာ"

B-52​ shot ခွက်လေးတိုးပေးပြီး

"ဒါသောက်ပြီးပြန်တော့"​

"ဒီနေ့ဘားမဖွင့်လောက်ဘူးထင်တာ"​

"မှင်စာလေး ဒါမင်းလာရမယ့်နေရာမဟုတ်ဘူးနော်"

မသိကျိုးကျွန်ပြုကာ ချပေးတဲ့ခွက်လေးကို တစ်ကျိုက်ထဲမော့သောက်ရင်း

"​မနက်ဆေးခန်းပြပြီး ဆေးသေချာလူးဦး ဟင်း​ ဒီနေရာကိုတော့တကယ်ခိုက်တယ်​ ဘိုင့်ဘိုင်"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now