One [Z×U]

403 52 2
                                    

~Moonlight Entertainment ~

အထပ် ၂၀ အဆောက်အအုံကို မျက်စိတစ်ဆုံးကြည့်မိတော့ လည်ပင်းတောင်ညောင်းသည်။ မကြာခဏပါလာတဲ့ သတင်းတွေထဲမှာ
အဆောက်အဦးကို ဖော်ပြထားခြင်းမရှိတာကြာင့် ကျွန်တော့်
အတွက် ပထမဆူံး မြင်ဖူးချင်း ။

"Hyung. .. ဘာလုပ်ဦးမလို့လဲ "

သွေးမတော်သားမစပ်ပေမယ့်  အနုပညာလမ်းကို ခြေလှမ်းစလှမ်းနေတဲ့ ကျွန်တော့်အတွက် Hyung က မန်နေဂျာတစ်ဦးလည်းဖြစ်သလို အစ်ကိုတစ်ယောက်လို အရမ်းရင်းနှီးနေတဲ့သူဆိုလည်းမမှား~

ရိုက်ကွင်းတွေမှာ လူလိုလို့ အစားထိုးရိုက်ပေးတဲ့အခါ အဲ့လိုလုပ်ရမလားဆိုပြီး ဆူပူတတ်သည်။ 

"လူစားထိုးနေရာမှာ မရိုက်နဲ့ ... မင်းကသေချာပေါက်ကို နာမည်ကြီးမယ့်မင်းသားဖြစ်မှာ ... ငါကလည်း အဲ့လိုဖြစ်အောင်လုပ်ပေးမှာ "

တစ်နေ့ကို သုံးကြိမ်ထက်မနည်း ဒီစကားပဲပြောနေတဲ့ Hyungက
ကျွန်တော့်ကို အရမ်းချစ်သည် ။ ချစ်သလောက်လည်း ဆူပူသည်။
ဒါပေမယ့် ၁၀ မိနစ်တောင်မကြာခင် ပြန်ခေါ်တတ်သည် ။ အခုလည်း
Moonlight entertainment ကို သွားမယ်ဆိုလို့ ထိုအဆောက်အဦးရှေ့တောင်ရောက်နေပြီ။ ဒါပေမယ့်သူကဘယ်ကိုသွားမယ်မှန်းမသိ။

"Hyung ... ဒီနေရာမှာဘာလုပ်မလို့လဲ "

"မနေ့က မင်းကိုပြောတယ်လေ .. ဒီကိုလာမယ်လို့ "

"အဲ့တာကြောင့်မေးနေတာလေ .. ဘာလို့ ဒီကို လာတာလဲဆိုတာကို"

"အသာနေစမ်းပါ KyungSoo ရာ ... မမေးနဲ့ ..
တစ်ခုတော့သိထား .. အခုက ဒီ entertainment ပိုင်ရှင်
Kim JongIn နဲ့ သွားတွေ့မလို့ "

Hyung ရဲ့ ပုံစံက အရမ်းကိုလေးနက်နေတာကြောင့် သူဆက်မမေးတော့ပဲ ပါးစပ်ပိတ်ကာ အသာနေလိုက်သည်။

Kim JongIn ~
Moonlight Entertainment ပိုင်ရှင် ~
အသက်က ၂၈ နှစ် ~
အိမ်ထောင်မရှိပေမယ့် စေ့စပ်ထားတဲ့သူတော့ရှိသည်။
ထက်မြက်ပြီးတိကျပြတ်သားသောသူ ~
အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိစ္စကို မရောပဲ လုပ်ဆောင်တတ်တယ်

ဒါတွေက သူနဲ့ပတ်သတ်ပြီးသိသမျှအကြောင်းတွေ ~
မျက်နှာကိုတော့ အပြင်မှာမမြင်ဖူးပေမယ့် .. သတင်းစာတွေ
ဂျာနယ်တွေမှာ ခဏခဏပါလာတတ်တဲ့သူ့ပုံစံကိုတော့ မြင်ဖူးသည်။
ကျားရဲတစ်ကောင်လိုစူးရှတဲ့ အကြည့်တွေက သူ့ရဲ့ထက်မြက်မှုကို
ပိုပြီးပေါ်လွင်စေသည်။

You've reached the end of published parts.

⏰ Last updated: Mar 27, 2020 ⏰

Add this story to your Library to get notified about new parts!

ENTERTAINER Where stories live. Discover now