နောက်တစ်နေ့တွင် အာဏာက ထူးထူးကို
ကလောမြို့ထဲရယ် ဘုရားတွေရယ်
လိုက်ပို့ပေးသည်။ သူ ၀ယ်လာတဲ့
အဝတ်အစားတွေက ထူးနဲ့ ကွက်တိ
ဖြစ်သလို ထူး ၀တ်နေကြ ပုံစံလေးတွေ
ဖြစ်တာကြောင့် အဆင်ပြေလှသည်။ခုချိန်မှာ သူနဲ့ အတူ လျှောက်လည်ပြီး
အတူရှိနေရတဲ့ခံစားချက်က ဘာနဲ့မှ မလဲနိုင်..၊
မကြာခင်မှာ သူထားသွားဦးမှာ သိနေပေမယ့်လဲ၊
သူရဲ့ ဂရုစိုက်မှုတွေကို ထူးထူးအား
ပျော်ရွှင်စေသည်။သူ့ကို ပြုံးပြီး ကြည့်နေရတာ.. ၊
သူ့လှုပ်ရှားပုံလေးတွေကို
လိုက်ငေးနေရတာကလည်း၊ ထူးထူး အတွက်
တန်ဖိုး မဖြတ်နိုင်သော အရာပင်ဖြစ်သည်။
အချိန်တွေရယ် မကုန်ပါနဲ့ဟူ၍
တိတ်တိတ်လေး ဆုတောင်းနေမိသည်။"ထူး ဘယ်သွားချင်သေးလဲ..?."
ဘယ်သွားချင်သေးလဲ မေးသော်လည်း
ဘုရားတွေက စုံနေလေပြီ ၊
ထူး ခေါင်းခါပြလိုက်တော့..."အဲ့တာဆို မနက်ဖြန်မှ အရမ်းလှတဲ့
နေရာတစ်ခုကို ခေါ်သွားမယ်..၊
ခုတော့ အိမ်ပြန်ကြတာပေါ့..
ရှမ်းစာ စားချင်သေးလား... ?"ထူး စဉ်းစားလိုက်သည်။
ဒီရောက်တုန်းလေးတော့ရှမ်းစာ
အဝစားသွားချင်သည်။"အိုကေ.. အဲ့တာဆို ဆိုင်မှာပဲ
၀င်စားသွားတာပေါ့..."ထူးထူး ဘာမှ တောင် မဖြေလိုက်ရ..၊
အဖြေကို ကြိုသိသည့်ပုံနှင့် ပြောနေသည်။
အဲ့လို ပုံစံမျိုးနဲ့ အာဏာမင်းဆက် ကို
တစ်သက်လုံး ပိုင်ဆိုင်ချင်လိုက်တာ...။..................။
မနေ့ကထက် ဒီနေ့ညက ပိုအေးနေသလိုပင်..။
အခန်းထဲမှာတောင် အေးစိမ့်နေလေသည်။
ထူးထူး ကုတင်ပေါ်တွင် စောင်နှစ်ထပ်ခြုံကာ
ကွေးနေမိသည်။
အာဏာကတော့ မအိပ်သေးပဲ ခုံပေါ်တွင်
လက်တော့ တစ်လုံးနှင့် ဘာတွေ လုပ်
နေတယ်မသိ...။ထူးထူး သူ့ကို ခိုးကြည့်နေမိတာ
သူမြင်သည့် ပုံမပေါ်.. ၊
လက်တော့ကို သာ အာရုံစိုက်နေသည်။
သူ့ကျောင်းစာတွေ လုပ်နေတာများလား....။သူ ရုတ်တရက်မော့ကြည့်လာသောကြောင့် ...၊
ထူးထူး မျက်လုံးတွေကို အမြန် မှိတ်လိုက်မိသည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခါးတစ်ဝက်ထဲ
ခြုံထားတဲ့ စောင် လေးလှုပ်လာကာ
အပေါ်ကို ဆွဲတင်ပေးလိုက်သည်ကို
မမြင်ရလဲ သိလိုက်သည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်