Part-38 ( Unicode)

6.2K 453 5
                                    

အာဏာ ထူးထူးအား လာစောင့်ပေးသော ညတွင် ၊
သူနဲ့ စတွေ့တုန်းက ဂရုစိုက်မှုလေးတွေ
ပြန်ရတာကြောင့် ထူး ပျော်ရွှင်မိသည်။
အရင်က ဘယ်လိုပဲ ဟန်ဆောင်တာတွေ
ဆိုဦးတော့ ၊ထိုတုန်းက ဂရုစိုက်မှုတွေကို
ထူးထူး အမြဲတမ်း ပြန်လိုချင်ခဲ့တာလေ၊

ထူးထူးအတွက် ညစာပြင်ဆင်ပေးနေသော
သူ့လှုပ်ရှားမှုတိုင်းကို ထူးထူး
လိုက်ငေးကြည့်နေမိရင်း၊
ရင်ထဲမှာ ကြည်နူးနေရသည်မှာ
ပြောစရာစကားတောင်မရှိတော့၊

သူက ထူးထူးရှေ့တွင် စားစရာများ
လာချပေးပြီးချိန်တွင်...
ထူးထူးဘေးတွင် ဝင်ထိုင်ကာ...

"စား ထူး.. ၊ ပြီးရင် ဆေးသောက်ရမယ်နော်..."

"ဟုတ်..."

သူက ထူးထူး စားနေတာကိုလည်း
ငေးကြည့်နေတာကြောင့် ထူးထူး တကယ်ပဲ
ရှိုးတိုးရှန်းတန်းဖြစ်ပြီး ဘယ်လိုစားရမလဲ
တောင် မသိတော့...၊

ထူးထူးစားပြီးချိန်တွင် ပန်းကန်တွေ
အားလူံးသူဆေးပေးနေသည်။
ဒါတွေဟာ၊ ခဏတာ ပျော်ရွှင်မှုဆိုတာ
ထူးထူး သိပေမယ့်၊ မကြာခင်မှာ
သူဟာ ပြန်ပျောက်ကွယ်သွားတော့မယ်
ဆိုတာ ထူးသိနေပေမယ့်၊

ဒီလို အချိန်လေးကိုပဲ
ထူး ပျော်ရွှင်နေရသည်ဆိုလျှင်
ထူးက ရူးမိုက်သူ တစ်ယောက်ဟု ပြောကြမည်လား။

ထိုသို့ပြောလဲ ခံရုံပဲပေါ့။
ထူးက တကယ်ပဲ ရူးမိုက်သူ တစ်ယောက်ပဲလေ။

သူ ပန်းကန်တွေ ဆေးပြီးနောက်၊
ထူးဆီသို့ လျှောက်လာကာ.....

"ကိုတို့ စတွေ့ခဲ့တာ တစ်နှစ်ကျော်ပြီနော်......."

သူ့စကားကြောင့် ထူး အံ့သြသွားရသည်။
သူ မှတ်ထားသားပဲ.......

"ကို ထူးအနားကို နီးသထက် နီးအောင်
ကြိုးစားပြီး လာခဲ့ပါ့မယ်..."

သူ့စကားကြောင့် ထူး ပြုံးမိသည်။
သူက ထူးထူးပါးလေးကို လာလိမ်ဆွဲရင်း...

"ပိန်သွားလိုက်တာ ထူးရယ်.."

ဟူ၍ ပြောလဲပြော ထူးထူးရဲ့ ပါးလေးကိုလဲ
ရွှတ်ခနဲ နမ်းလိုက်တာကြောင့် မျက်လုံးပြူးကာ၊
တစ်ဆက်ထဲမှာပင် ရင်ခုန်သွားမိသည်။

ဒဏ္ရာWhere stories live. Discover now