Part-39 (Unicode)

6.1K 467 17
                                    

လက်ထဲတွင် ကိုင်ထားသော အရက်ခွက်အား
တွေဝေစွာ စိုက်ကြည့်နေရင်း၊ မျက်ရည်တို့
အတားအဆီးမဲ့စွာ ကျဆင်းနေလေသည်။
မိမိနဲ့ မအပ်စပ်သော ဒီလို နေရာကို ရောက်လာ
မိခဲ့ခြင်းက ထူးထူး အရမး်ကို စိတ်ထိခိုက်
နာကျင်နေရလို့ ဖြစ်ပြီး အရာအားလူံးကို
ခဏလောက် မေ့သွားချင်သော ဆန္ဒနှင့် ဖြစ်သည်။

ဒီအရာတွေကို သောက်ရင်၊ တကယ်ပဲ
အရာအားလူံးကို ခဏ
မေ့ပြီး စိတ်သက်သာရာ ရမည်လား...?။

စားပွဲပေါ်တင်ထားသော ဖုန်းလေး
ဆက်တိုက်ဆိုသလို မြည်နေပြီး ၊
ထိုဖုန်းအား ထူးထူး နာကျင်စွာမိရင်း...
အရက်ခွက်ကို ထပ်မော့လိုက်မိသည်။

အာဏာမင်းဆက်.......

ငါ့ကို နှိပ်စက်လို့မဝသေးဘူးလား...။

ငါ ပြတ်သားလိုက်ချင်ပြီ.။
ပြတ်သားလိုက်မှ ဖြစ်တော့မယ့်
အခြေအနေကိုလည်း ရောက်နေပြီ
မဟုတ်ပါလား...?။

................

မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းက
မော့်အတွက်တော့ မယုံနိုင်စရာပင်။

မော် ရောက်နေသော bar ၏ ဝိုင်းတစ်ခုတွင်
အရက်ပုလင်းတစ်လူံးကို ရှေ့ချကာ
မျက်ရည်များနဲ့ အရက်ခွက်အား
မော့နေသည့် ထူးထူးသော်ကို
မြင်နေရခြင်းကြောင့်ဖြစ်သည်။

သူဘာတွေများ ဖြစ်ထားလို့လဲ...။

အနားသွားပြီး မေးရလောက်တဲ့
ဆက်ဆံရေးမဟုတ်ပေမယ့်၊
သူတစ်ယောက်တည်း လာတာ သေချာနေသဖြင့်၊
မော် သူငယ်ချင်းတွေနဲ့ မလိုက်သွားတော့ပဲ၊
ထူးထူးသော် ထိုင်နေသည့် ဝိုင်းအား
မြင်ရလောက်သည့် နေရာတွင် ထိုင်ရင်း
သူ့အား ကြည့်နေလိုက်သည်။
ဒီလောက်သောက်နေရင် တစ်ယောက်တည်း
ဘယ်လို ပြန်လို့ ရမှာလဲ။
သူက တစ်ခါမှတောင် သောက်ဖူးတာ
မဟုတ်ဘူးလေ။

မကြာပါဘူး စားပွဲပေါ်မှ ထလာသော
ထူးထူးသော်၏ ခန္ဓာကိုယ် တစ်ခုလူံးက
ကြမ်းပြင်ပေါ်သို့ လဲပြိုကျလေသည်။

မော် သူ့နားကို ပြေးသွားလိုက်ကာ၊
သူ့ အား ထူပေးချိန်တွင်...

ဒဏ္ရာWhere stories live. Discover now