Part-41 (Unicode)

6.6K 466 10
                                    

"အေးပါ နင် မသိစေချင်ရင်
ငါမပြောသေးပါဘူး.."

ထူး TR မှာ အလုပ်လုပ်နေတဲ့ ကိစ္စကို
ဘယ်သူ့ကိုမှ အသိမပေးသေးရန်
အသူရာ့ကို တောင်းဆိုမိတော့ အသူရာက
လက်ခံပါသည်။

"ဒါနဲ့ အဆင်ပြေရဲ့လား..
စနေ တနင်္ဂနွေ နှစ်ရက်ပဲ သွားစရာလိုတာလား...?."

"ဟုတ်တယ်.. project ကာလက တစ်နှစ်တဲ့၊ "

"မိုက်တယ်နော်... "

"အင်း..."

...........

TR ရဲ့ MD ဆီက ဘာသတင်းမှ အိမ်ကို
ရောက်မလာတာကြောင့် ထူထူး ဝမ်းသာမိသည်။
ဦးသန့်ဇင်များ ဘယ်အချိန်သိမလဲ
စိတ်ပူနေသော်လည်း ဘယ်သူမှ မသိ..။

"ဟေ့..."

တက်စီငှားရန် ရပ်နေရင်း မိမိရှေ့မှာ
လာရပ်တဲ့ ကားကြောင့်ကြည့်လိုက်တော့
TR MD ကို တွေ့လိုက်ရသည်။

"MD...?."

"လာ .. တက်လေ..."

"ဟို ရပါတယ်.. ကျွန်တော်..."

"လာပါ MD ရဲ့ အမိန့်....၊ တက်.."

သူကိုယ်တိုင်မောင်းလာပြီး သူတစ်ယောက်တည်း
ဖြစ်နေသလို အရင်က တွေ့နေကြ
ဟိတ်ဟန်နှင့်လူကြီးတစ်ယောက်လို
မဟုတ်တော့ပဲ လူငယ်ပုံလေးဖြစ်နေသည်။

MD ဆိုတော့လဲ အတင်း ငြင်းမကောင်းတာနှင့်
ထူးထူး ကားပေါ်တက်လိုက်တော့....

"ကားမပါဘူးလား..?"

"ဟုတ်..."

ထူး ပထမနေ့ပြီးတည်းက
ကားမယူလာတော့ခြင်းဖြစ်သည်။
ကားကို အိမ်နဲ့ ရုံး အလယ်က center တစ်ခုမှာ
ထားခဲ့ကာ တက်စီနဲ့သာ လာဖြစ်သည်။
လူအများ၏ အာရုံစိုက်ခံရတာကို
ထူးထူး မလိုလားဘူးလေ။

"ကိုက ပါကင်က ဝန်ထမး်ကိုတောင် မှာထားတာ.. ၊
ထူးထူး ကားကို ကိုတို့ ဘက်မှာပဲ ထိုးခိုင်းဖို့လေ..."

"အော်.."

သူက ဦးသန့်ဇင်ရဲ့ သားမှန်း သိလို့
အရေးပေးနေတာလား..
ဒါမျိုး ထူးထူး မလိုချင်......

"ဟိုလေ. MD.."

"အင်း.. ပြောလေ..."

"ကျွန်တော့်ကို ဦးသန့်ဇင်ရဲ့ သားမှန်း သိလို့...
ခုလို ဆက်ဆံနေတာလားဟင်.. .?"

ဒဏ္ရာWhere stories live. Discover now