Storyboard အဖွဲ့အတွက် သီးသန့်
အစည်အဝေးခန်းတွင် MD ရဲ့ ညွှန်ကြားမှုများကို
နားထောင်ရင်း.. အပြင်မှာနဲ့ မတူပဲ တည်ငြိမ်
ရင့်ကျက်မှု အပြည့်နဲ့ MD ရဲ့ ပုံကို မြင်နေရသည်။တကယ်လေးစားစရာပါပဲ..
TRက အာဏာ့အမေ အပိုင်ဆိုပေမယ့်၊
သူ့အမေ မရှိတော့တဲ့ နောက်ပိုင်း
အာဏာ့အဖေက MD ရဲ့ရင့်ပေါ်တွင်သာ
အာဏာကုန်လွှဲအပ်ထားသည်ဟု ကြားထားသည်။တစ်ချို့ ဝန်ထမ်းတွေပြောကြတာတော့
MD ရဲ့ရင့်မရှိရင် TR လဲ ရှိလာစရာ
အကြာင်းမရှိတော့ဘူးတဲ့လေ..။.......။
MD က သူ့မွေးနေ့ ညစာ လိုက်ကျွေးချင်တယ်
ဆိုတော့ ထူးထူး ငြင်းရမှာ အားနာတာနဲ့
လက်ခံလိုက်သည်။
သူက လာခေါ်မယ် ပြောသော်လည်း
ထူးထူးဘာသာပဲ လာခဲ့မည်ဟုပြောပြီး
သူချိန်းတဲ့ ဆိုင်ကို တစ်ယောက်ထဲ
မောင်းလာလိုက်သည်။ဆိုင်ထဲရောက်တော့ ဒေါင့်စားပွဲတစ်ခုတွင်
သူထိုင်နေပြီး ထူးထူးဝင်လာတာနဲ့ လက်လှမ်းပြသဖြင့်
ထူးထူး ပြုံးမိကာ သူ့ဆီ လျှောက်သွားလိုက်ရင်း ..."MD ရောက်နေတာ ကြာပြီလား...?"
ထူးထူး စကားစပြောတာနဲ့
ပြုံးရယ်နတတ်သော သူ..။"ကိုက စောစော လာတာလေ..၊
မကြာသေးပါဘူး..ထိုင်..."ထူးထူး လက်ထဲမှ ပါလာတဲ့ အိတ်လေးကို
MD အား လှမး်ပေးလိုက်ကာ...."MD အတွက် မွေးနေ့လက်ဆောင်..."
"အာ ထူးထူးကလဲ မယူလာပါနဲ့ဆို..."
"မဟုတ်တာ.. ပေးရမှာပေါ့...၊
ကြိုက်လား ဖွင့်ကြည့်ဦး..
တန်ဖိုးတော့ အရမး်မကြီးဘူး...""မလိုပါဘူး ထူးရယ်..."
ကလေးဆီက မွေးနေ့ လက်ဆောင်
မလိုချင်သော်လညး် ထူးထူး ပေးတဲ့
အမှတ်တရ တစ်ခု ရလို့ ရဲရင့် ပျော်မိသည်။
အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲတွင်
ခါးပတ်လေး..."ကြိုက်ရဲ့လား...?"
"အင်း.. ထူးထူး ဘာပေးပေး ကြိုက်တယ်၊
ကျေးဇူးပဲနော် ထူး... ၊ ကဲ ဘာစားမလဲ ..မှာနော်..."
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်