Part 39 (Unicode)

13.2K 2K 107
                                    

မြေအောက်ခန်းသည် ညှီစို့စို့အနံ့တစ်မျိုးနှင့် ပုပ်ဟောင်နေသည်။ ကြမ်းခင်းထားခြင်း မရှိသောကြောင့် မြေကြီးအစိုဓါတ်သည် တစ်ခန်းလုံးကို ပျံ့နှံ့နေစေသည်။ နံရံများတွင် မှိုစွဲကာ တစ်ချို့နေရာများတွင် အကွက်လိုက်ဖြစ်နေသည်။ နံရံကို မှီထောင်ထားသော စပျစ်ရည်ထည့်ထားသည့် မြေအိုးများသည် တစ်ခုနှင့်တစ်ခုမှီကာ ခပ်စောင်းစောင်း ဖြစ်နေသည်။ အထပ်လိုက်စီတင်နိုင်ရန် စီစဉ်ပြုလုပ်ထားသည့် မြေအိုးများဖြစ်သောကြောင့် ပိရမစ်ပုံစံ မြင့်နေသော်လည်း ယိမ်းယိုင်ခြင်းမရှိ။ ကောက်ရိုးခင်းထားသော သေတ္တာများထဲတွင်တော့ သစ်သီးများ ရှိသည်။

လက်နောက်ပြန်ကြိုးတုပ်ထားသောကြောင့် ဖဲလ်လစ်သည် အနည်းငယ်မှ လှုပ်ရှား၍မရ။ ပါးစပ်ကို အဝတ်ဆို့ ပိတ်ထားသောကြောင့်လည်း အသက်ရှူလို့မဝနိုင်ဖြစ်နေသည်။

ကြာရှည်မှာ တောင့်မခံနိုင်။ ခေါင်းကိုငုံ့ချလိုက်ရသည်။ နှာခေါင်းမှ စီးကျနေသော သွေးများ ကြမ်းပြင်ပေါ် တတောက်တောက်ကျလာသည်။

တစ်ချိန်က ဘာ့ကြောင့်များ သူ...

အဆုံးထိ ဆက်မတွေးရဲအောင် ရင်မှာ နာကျင်နေသည်။ အားရီးယူးစ်၏နောက်လိုက်များ ထားခဲ့ချိန်မှစ၍ ဒီပုံစံအတိုင်း တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်သက်နေခဲ့ပေမယ့် သူ့ အတွေးများကတော့ ပစ္စုပ္ပန်နှင့် အတိတ်ကြားမှာ လူးလားကူးခတ်လျက်။

လူမှန်းသိတတ်စအရွယ်ကတည်းက သူ နားလည်ခဲ့သည့်အရာမှာ အမိန့်နာခံဖို့ဖြစ်သည်။ သူ့အသက်ကို သူမပိုင်။ သူ့ကိုယ်သူ သူ မပိုင်။ အရှင်သခင်၏ သေစေ။ ရှင်စေဟူသည့် အမိန့်စကားသံကိုသာ ကိုးကွယ်ရာတစ်ခုလို သတ်မှတ်ခဲ့သည်။ ဒီ့အတွက်လည်း လူသားတစ်ယောက်၏ ခံစားချက်မှန်သမျှကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့သည်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း အရာအားလုံးသည် သူ လက်လှမ်းမမီနိုင်သည့် အဖိုးတန်အဆင်တန်ဆာများလို ခပ်ဝေးဝေးမှ လှမ်းငေးရုံသာဟု သဘောထားနိုင်အောင် ကြိုးစားခဲ့သည်။

ဒါပေမဲ့ အမြဲတမ်းတော့ သူ မထိန်းချုပ်နိုင်ခဲ့။ သူ့ဘဝတွင် အပျော်ရွှင်ဆုံးနေ့တစ်နေ့ ရှိခဲ့ဖူးသည်။ ထိုနေ့ကို သူ အသေးစိတ်မှတ်မိနေပေမယ့် ထိုစဉ်က ခံစားခဲ့ရသည့် အပျော်များကိုတော့ သူ မမှတ်မိတော့။

ထာ၀ရ ပုံပေWhere stories live. Discover now