အပိုင်း ၆

12.1K 1.9K 255
                                    

ကမ်းခြေစပ်ရှိ ဗေဒါပင်များသည် ကမ်းခွာချင်သည့် မော်တော်စက်လှေကို နေရာပေးချင်ဟန်မရှိ။ အုပ်လိုက်ကျင်းလိုက်၊ လှုပ်လီလှုပ်နဲ့ ပတ်ချာလည်၀ိုင်းသည်။ ၀ါးလုံးရှည်များနှင့် ထိုးပြီးရွေ့ကာ ခပ်‌ေ၀း‌ေ၀းရောက်မှ စက်ကို နိုးရသည်။ တဒုတ်ဒုတ်ကျယ်လောင်သော စက်သံသည် ရေပြင်မှာ ဖြတ်ပြေးသည်။ လေပြည်သည် တွန်း၀င်ကာ ပူလောင်မှုကို လျော့ကျစေသည်။

တောင်တန်းများနောက်ခံ ကန်ရေပြင်တစ်နေရာတွင် ကွက်ကျားမိုးရွာနေဟန်တူသည်။ ညိုသော မည်းသော တိမ်စုစုမှ မျဥ်းတန်းများသဖွယ် မိုးရေစီးကြောင်းများ ကျဆင်းနေသည်။ ‌ေ၀းကွာလာသော ကမ်းခြေသည် အ‌ေ၀းမှာ ကျန်ခဲ့သည်။ ကမ်းစပ်တစ်နေရာရှိ ပြခန်းနေရာအဆောင်အဦကို လှေပေါ်မှ လှမ်းတွေ့ရသည်။

ထိုနေရာသည် ရှမ်းလူမျိုးများ ဆုံစည်းရာ။ အကပဒေသာ၊ စာပေ၊ ယဥ်ကျေးမှု ဖလှယ်ရာနေရာလေးဖြစ်သည်။ ပြင်ဆင်မွမ်းမံပြီး အင်းတော်ကြီးဒေသ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း ဖြစ်လာခဲ့သည်။ သဘာ၀အခြေခံခရီးသွားလုပ်ငန်းများကို ဖော်ဆောင်နေသည့် ဒေသခံအဖွဲ့အစည်း၏ ရုံးခန်းနေရာ။ ခရီးသွားများကို ဒေသအကြောင်းမိတ်ဆက်ရန်၊ သဘာ၀အခြေခံခရီးသွားလုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးသည့် နေရာလည်း ဖြစ်သည်။

လှေငယ်ကမ်းမခွာခင်ကတည်းက ဒဲရစ်ခ်သည် နေပူခံကရမ်တစ်ဗူးနှင့် အလုပ်ရှုပ်နေသည်။ အသားဖြူသလောက် နေပူဒဏ်မခံနိုင်သူဖြစ်သောကြောင့် နေလောင်သည်နှင့် အသားတွေနီလာကာ တစ်ရက်နှစ်ရက်နှင့် မပျောက်ဘဲ စပ်ဖျဥ်းဖျဥ်းနာတတ်သည်။ တစ်ခါတလေ အဖျားပါ၀င်သည်။ ထို့ကြောင့် နေပူခံကရမ်ကို အမြဲဆောင်ထားတတ်သည်။ ယခုလည်း အ၀တ်အစားလွတ်သည့်နေရာမှန်သမျှ ခြေဖ၀ါး၊ မျက်နှာ၊ လက်မောင်းနှင့် နားရွက်ပါမကျန် လိမ်းနေခြင်းဖြစ်သည်။

"ဒဲရစ်ခ်"

လှည့်ကြည့်သည်။ နားတစ်ဖက်မှ နားကြပ်ကို ဖြုတ်လိုက်တော့မှ သီချင်းနားထောင်နေသည်ကို သတိထားမိပြီး အားနာရသည်။

"ဆောရီး၊ မင်း သီချင်းနားထောင်နေတာလား"

"ရတယ်၊ ဘာပြောမလို့လဲ"

တောင်တောရယ်သာWhere stories live. Discover now