Ep-14

732 29 0
                                    

!Unicode!

"အစ်ကို.... မနက်ဖြန်ကျွန်တော်တို့စာမေးပွဲစဖြေပြီ"

"အေးကွာ.... နှိုင်းကမနက်ဖြန်အစားထိုးကုသမှုခံယူမှာ မင်းဘာမှစိတ်ထဲမထားနဲ့ စာကိုပဲအာရုံစိုက်ကြားလား နှိုင်းကအဆင်ပြေမှာပါ"

အဆင်ပြေတယ်သာပြောနေတာ အချိန်ပြည့်လိုငိုနေပြီး​ဘာမှလဲမစား။ သူများကိုသာမစိုးရိမ်ဖို့ပြောနေပေမယ့်​သူကျတော့ အဆင်မပြေ။ တစ်ခါတစ်လေ​ ကယောင်ခြောက်ခြားတွေဖြစ်နေပြီး ဘာမှအာရုံမရ။

အစ်မနှိုင်းဆေးရုံစတက်ကတည်းက အစ်ကို့ကြည့်ရတာစိတ်နဲ့ကိုယ်မကပ်တဲ့အရူးလိုပဲ။ ဆေးရုံလိုက်မယ်ပြောတော့လဲ အိမ်မှာပဲ​နေပြီး​ စာပဲကျက်ခိုင်းနေသည်။ သူကတစ်ခါတစ်လေမှသွားပြီး​ အခန်းပဲအောင်းနေသည်။

အစ်မနှိုင်းခုလိုဖြစ်နေတာ မကြည့်ရက်ဘူးတဲ့။ အရင်ကမကြာခဏကြုံဖူးပေမယ့်ခုထိကျင့်သားမရသေးဘူးလို့လဲပြောပြန်တယ်။ ဒါဆိုအစ်မက ခဏခဏရောဂါဖောက်တတ်တယ်ဆိုတဲ့သဘော။

အစ်မကိုကြည့်ရတာ လူမမာနဲ့လဲမတူ။ ရောဂါရှိနေတယ်ဆိုတာပိုတောင်မဖြစ်နိုင်သေး။ တစ်ကယ့်လူကောင်းအတိုင်း။ ပထမဆုံး​ အမနှိုင်းအကြောင်းကြားတော့ ကိုယ့်နားကိုယ်ပင်မယုံနိုင်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ အမြဲလိုပြုံးရယ်နေတတ်ပြီး​ တစ်ခါတစ်လေ​ရန်တောင်ဖြစ်လိုက်သေးသည်။

"အစ်ကို​ အစ်မရောဂါက မွေးရာပါလား"

"မဟုတ်ဘူး"

"ဒါဆို​ ဘယ်လို"

"ချာတိတ်.... မင်းစကားတအားများတာပဲ​ ကိုယ့်စာကိုယ်ကြည့် ညဥ့်နက်ထိလဲမကြည့်နဲ့ဦး မနက်စာမေးပွဲခန်းထဲအိပ်ပျော်နေဦးမယ်"

"ဟုတ်​ အစ်ကို"

"ငါအခန်းထဲသွားအိပ်တော့မယ့် နောက်ကျတဲ့ထိစာမကျက်နဲ့နော် စောစောအိပ်"

အခန်းထဲဝင်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီး

'အစ်ကိုရေ... ကျွန်တော်တို့ခွဲရမယ်ရက်ကလေးတွေကတစ်ဖြည်းဖြည်းနီးကပ်လို့လာပြီ။ ဝမ်းနည်းသလိုရှိပေမယ့် ဒီလောက်ထိအတူရှိနေခွင့်ရတာကိုပဲကျေးဇူးတင်ပါတယ်အစ်ကိုရေ....။ မဖြစ်နိုင်မှန်းသိပေမယ့် နောက်ကျောလေးကိုပဲ တိတ်တဆိတ်ငေးကြည့်နေရုံ။ လုံလောက်နေပါပြီ။'

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now