Arc(1.2)

34.6K 3K 57
                                    

Unicode

Arc(1.2)
The Wild Dragon Proud Days

လီလျိုမှာအသက်ကိုသာပြင်းပြင်းရှုလိုက်မိတော့သည်။သူ့မှာအခုတော့ကျည်ဆန်ကိုကိုက်ခြင်းမှတစ်ပါးတစ်ခြားကမ္ဘာကိုသွားရန်ရွေးချယ်စရာမရှိတော့ပေ။နောက်ဆုံးတော့လည်းဘယ်သူမှတစ်ယောက်တည်းတော့မနေနိုင်ဘူးလေ....

လီလျိုကအိပ်ယာပေါ်မှလှိမ့်ကာထွက်လိုက်ပြီးတံခါးဆီသို့လမ်းလျှောက်သွားလိုက်သည်။သို့သော်လည်းသူတံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်လျှပ်စီးလိုလျှင်မြန်သည့်ဓားနှင့်နှုတ်ဆက်ရဆဲပင်ဖြစ်နေ၏။

လီလျိုသေသွားသည်။

နောက်တစ်ကြိမ်အိပ်ယာပေါ်မှတွားသွားပြီးထလာရပြန်သည်။လီလျိုကsystemအားညိုပုတ်ပုတ်မျက်နှာဖြင့်မေးလိုက်သည်။

"ရှောင်းချီဘာတွေဖြစ်နေတာလဲ....ဘာလို့ငါတူညီတဲ့မြင်ကွင်းနဲ့ပဲကြုံနေရတာလဲ?"

[host, အားတင်းထားပါအခုမှ၄၇မိနစ်ပဲရှိပါသေးတယ်...hostသေချာပေါက်လုပ်နိုင်မှာပါ]

"ဟားဟား..ဘာကိုအားတင်းထားပါတွေဘာတွေလဲ...ဒီနေ့အသက်ရှင်ရက်ဖြတ်သန်းသွားဖို့မဖြစ်နိုင်ဘူး"

ကိုးကြိမ်မြောက်အသတ်ခံရပြီးနောက်မှာတော့သူ့လည်ပင်းကသူ့ဟာမဟုတ်တော့သလိုပင်ခံစားနေရသည်။ထို့နောက်လီလျိုကမှန်ကန်တဲ့ကိုယ်နေဟန်ထားကိုကောင်းကောင်းပြင်ဆင်ပြီးနောက်မှာတော့မျက်နှာဖုံးနှင့်လူအားရိုက်ပြီးထွက်ပြေးနိုင်ခဲ့တော့သည်။

ထိုအချိန်ခဏလေးမှာပင်လီလျိုမှာပျော်လွန်းလို့ငိုပါငိုခြင်မိတော့လေ၏။ဒီမှာသူ့ထက်သနားစရာကောင်းတဲ့သူရှိပါဦးမလား?ဒီလိုခက်ခဲတဲ့အရာတစ်ခုကိုဖြတ်ကျော်ဖို့အတွက်အကြိမ်များစွာအသတ်ခံရပြီးမှအောင်မြင်သွားတာက......

[မြင့်မြတ်တဲ့hostရေ....အခုhostကိုင်ထားတဲ့လက်ကဇာတ်လိုက်ရဲ့လက်ပါ...လက်ရှိရောက်နေတဲ့ဇာတ်ကောင်ကဇာတ်လိုက်ရဲ့တစ်ဂိုဏ်းသားဆုမုချန်းဖြစ်ပါတယ်။ခဏလောက်စောင့်ပေးပါကျွန်တော်ဒီဇာတ်လမ်းရဲ့အကြောင်းအရာအသေးစိတ်ကိုပို့ပေးပါ့မယ်...hostကဇာတ်လိုက်တွေရဲ့နောက်ဆုံးရလဒ်ကနေမသွေမဖယ်မခြင်းဆန္ဒရှိသလိုလုပ်ခြင်တာလုပ်လို့ရပါတယ်ပြီးတော့လည်းလုပ်ငန်းစဉ်ကအရေးမကြီးပါဘူးလေအရေးကြီးတာကထွက်လာမယ့်ရလဒ်...*keke*..ကျွန်တော်တော့မကြာခင်အိပ်တော့မယ်တကယ်လို့တစ်ခုခုဖြစ်သွားရင်ကျွန်တော့ကိုချက်ချင်းခေါ်လိုက်ပါ...ကျွန်တော်ပေါ်လာပါမယ်..hostကိုပျော်ရွှင်စရာများစွာတွေ့ကြုံပါစေလို့ဆုတောင်းပေးပါတယ်Yo XOXO~ (RQ)]

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now