Ep-15

790 29 0
                                    

!Unicode!

"သားကြီး... သတိရပြီလား"​

"မား.... နှိုင်း..."

"နှိုင်းကအခြေနေပြန်ကောင်းသွားပါပြီသားရဲ့ သူနိုးလာမယ့်ချိန်စောင့်ဖို့ပဲလိုတော့တာ"​

ထိုမှ သက်မချကာ.....​
တော်ပါသေးရဲ့.... ။ ဒါဆို​ မုန်တိုင်းမရှိတော့ဘူးဆိုတဲ့သဘော။

"အင်ပါယာ... မင်းဘယ်လိုတွေဖြစ်😆"​

"အင်ပါယာ... အင်ပါယာ.... ဂျူနီယာတွေရှေ့တင်ခွေခေါက်ပြီးမေ့လဲသွားတာများ🤣"

"​မပြောကြပါနဲ့ကွ မိန်းမကိုချစ်တာကိုး"

"​ငါ့အမေဆုံးတုန်းကတော့​ စောက်ခွက်လာပြောင်ထားပြီးတော့"​

အဖွဲ့လိုက်ကြီး ရောက်ချလာပြီး နှိပ်ကွပ်နေတဲ့ ဌာနတူ နှစ်တူကဆရာဝန်တွေ။

"ဒါနောက်စရာမဟုတ် မင်းတို့ဂျူတီပြီးရင်လဲ​ အိမ်ပြန်ကြတော့"​

"ရတယ်.... ဒီနေ့တော့အိမ်ပြန်မလာဘူးလို့ ဖုန်းဆက်ထားတယ်​ တော်ကြာ... မင်းထပ်ပြီးမေ့လဲနေရင် ရင်ကျိုးရတဲ့သူကငါဖြစ်မှာ"

"​သေလိုက်ပါလား.... ခွေးသား"​

ဒီ​ကောင်တွေ​ မစာမနာလူကိုဟာသလာလုပ်နေ။ ကိုယ်တိုင်ကြုံမှ ဘယ်လိုခံစားရလဲ သိမယ့်ဟာတွေ။

"​မား... ကျွန်တော်​ နှိုင်းဆီသွားတော့မယ်"

"​နေပါဦးဟ... မင်းနဲ့ရှင်းဦးမယ်"

"​ဘာလဲ... "

"​အရင်ကတော့ ညီမလေးဆို ခုတော့ဇနီးလောင်းတဲ့လား မင်းတော်တော်"

"​မင်းတို့တွေက တကယ်အာရုံပဲကွာ... နောက်နေ့မှတွေ့မယ် မင်းတို့ကို.....​ခုတော့သွားလိုက်ဦးမယ်"​

လူစေ့လက်ညှိုးနဲ့ထိုးပြီး ကြိမ်းဝါးနေတဲ့သူငယ်ချင်းလဲဖြစ် ဌာနတူလဲဖြစ်တဲ့အင်ပါယာကို ကောင်းစစ်ဟိန်းက

"​စတာပါကွာ... မင်းပုံစံကရယ်စရာကြီးမို့... ခွီး"

ပြောရင်းအဖွဲ့လိုက်ရယ်နေပြန်သည်။ ဒီကောင်တွေ...။

"​ငါတို့နားလည်ပါတယ်... နှလုံး​message လဲလုပ်ပြီးရော မင်းကခွေခေါက်လို့ အကုန်လုံးစိုးရိမ်ပြီး ပြာယာခတ်နေတဲ့အချိန် မေ့သွားတာများ"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now