Ep-16

721 34 0
                                    


!Unicode!

အိမ်ပြန်တဲ့လမ်းမှာလဲ တစ်လမ်းလုံး အောင်နိုင်သူအပြုံးကြီးနဲ့။ သူများကိုဂဲနဲ့ထုခဲ့တာကို ဂုဏ်ဆာနေလေရဲ့။

"ဟိုကောင်လေးကဘယ်သူလဲ"

သူတို့အုတ်အုတ်ကျက်ကျက်ဖြစ်နေလို့ရောက်သွားကတည်းက ဒူးနှစ်ဖက်ပိုက်ကာတုန်နေတဲ့ကောင်လေးကိုသတိထားမိသည်။

"ဪ.... သူလား.... ဟိန်းသူဦးတဲ့ ဒီနှစ်မှကျောင်းပြောင်းလာတာ ချစ်စရာလေး​မလား​ အဟီး"

"ဘာလဲ​ အင်ပါယာမဟုတ်တော့ပဲ အကြိုက်ပြောင်းသွားပြန်ပြီလား"

"​အယ်.... မပြောင်းပါဘူးနော်.... ကိုကိုအင်ပါယာကနှလုံးသားထဲမှာ ဟိန်းသူကိုဒီတိုင်းချစ်တာ"​

"ဧကရာဇ်​ကိုကော"​

"သူကလူဆိုး... လူမြင်ရင်အော်ဖို့ပဲ​ ချစ်ပါဘူး"

"​အင်းပါ.... ဟုတ်ပါပြီ​ နောက်ဆိုသူများတွေကိုရန်သွားမစနဲ့နော်​ အင်ပါယာက ဆိုးတဲ့ကလေးတွေဆိုမချစ်ဘူးတဲ့"

"ဒါဆို​ အဆိုးလေးဆိုပြီး လာချစ်တဲ့ ကိုကိုဉာဏ်သုတကိုရွေးလိုက်မယ်"

"​အယ်.... သုတတော့စိတ်မကောင်းဖြစ်နေတော့မှာပဲ"

"​ကိုကြီးနော်... ညီမလေးက တစ်ကယ်လဲမဆိုးပဲနဲ့"​

"​ဟုတ်ပါပြီ မဆိုးပါဘူး နှုတ်ခမ်းကြီးမထော်ထားနဲ့ လှလဲမလှဘူး"

"​အဲ.... ဒီနေ့ကျောင်းမှဖြစ်ခဲ့တဲ့ ကိစ္စ​ကိုကိုအင်ပါယာကိုသွားမပြောနဲ့နော် အဲ့ဒီဟိန်းသူဦးဆိုတာကအခြောက်လေးသိလား အစောကဟာတွေက အခြောက်ဆိုပြီး ဝိုင်းအနိုင်ကျင့်နေကျတာ မနေနိုင်လို့​ ဂဲနဲ့သွားထုတာ"

"​ဟိုကအဖွဲ့လိုက်ကြီး ပြန်လုပ်ရင်ဘယ်လိုလုပ်မလဲ"

"​ကိုကြီးရောက်လာမယ်ဆိုတာသိလို့လေ"

"​တကယ်ပါပဲ.... အဖိုးကတော့ခေါင်းကြိမ်းနေပြီ ယောက်ျားလေးနဲ့မိန်းခလေးလွဲမွေးလာတယ်ဆိုပြီး"

"​ဟင့်....ဘဘကြီးကအမြဲဒီလိုပဲ ကိုယ့်မြေးကိုယ်တောင် ရုံးခန်းထဲခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now