Arc(1.3)

24.3K 2.7K 96
                                    

Unicode

Arc(1.3)
The Wild Dragon Proud Days

ချင်ယု၏တောင်းဆိုချက်အရကျိုးမုထျန်းကလီလျိုအားတိုက်ရိုက်တပည့်အနေဖြင့်လက်ခံခဲ့ပြီးသူ့သင်ပြမှုများအားချင်ယုနှင့်အတူတူလက်ခံစေခဲ့သည်။

ချင်ယုနှင့်နှိုင်းယှဉ်ရရင်လီလျို၏ဝိညာဉ်ကြောမှာလုံးဝကိုဆင်းရဲလွန်းလှသည်ဟုမှတ်ယူနိုင်သည်။ပြီးတော့သူကချင်ယုထက်သုံးနှစ်ပင်ပိုကြီးသေး၏။သူ့ဝိညာဉ်ကြောကအရမ်းခက်ခဲလွန်းသောကြောင့်သူ့ကျင့်ကြံနှုန်းမှာလည်းအလွန်ကိုနှေးကွေးလွန်းသည်။

သို့သော်လည်းကျိုးမုထျန်း၏စစ်ပွဲအနုပညာနှင့်ပတ်သတ်ရင်တော့လီလျိုကလေ့လာသည့်နေရာမှာကောင်းကောင်းလုပ်ဆောင်နိုင်လေသည်။သူ့ရဲ့novelအပေါ်ရှိတဲ့နားလည်မှုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်၏။

ပြီးတော့လည်းသူကဇာတ်လိုက်နောက်ကလိုက်ပြီးလေ့လာရေးခရီးမှာပါဝင်နိုင်ခဲ့သောကြောင့်သူ့ရဲ့OOCကအရမ်းကြီးတော့အစွမ်းမထက်လောက်ပါဘူးလေ....

အချိန်တွေကုန်လွန်လာခဲ့သည်နှင့်အမျှလီလျိုမှာဇာတ်လိုက်၏ငယ်ရွယ်သောကလေးသေးသေးလေးဘဝမှအချိုးအစားကျနလှသောပုခုံးသွယ်ပြောင်းလှပသောခြေထောက်ရှည်ကြီးများဖြင့်အလွန်အမင်းခန့်ညားချောမောသောဆယ်ကျော်သက်ကောင်လေးဘဝသို့ပြောင်းလဲလာမှုအားမျက်မြင်ကိုယ်တွေ့တွေ့မြင်လာရသည်။

သို့သော်လည်းတစ်ချိန်တည်းမှာပဲသူ့ရဲ့စိတ်ပူပင်မှုကလည်းတစ်နေ့ပြီးတစ်နေ့တိုးတက်လာတော့၏။ပုံမှန်အားဖြင့်သူ့အတွက်ကချင်ယုနှင့်အိပ်ယာတစ်ခုတည်းလဲလျောင်းရခြင်းကကိုတော်တော်လေးလုံလောက်နေပြီဖြစ်သည်။သို့သော်ကြီးကောင်ကြီးမားဖြစ်နေပြီဖြစ်သောယောကျာ်းသားနှစ်ယောက်အထူးသဖြင့်အရပ်အရမ်းကိုရှည်လျားလာသည့်ချင်ယုကြောင့်အိပ်ယာလေးကိုကြည့်ရသည်မှာတစ်ဖြည်းဖြည်းကျဉ်းမြောင်းသထက်ကျဉ်းမြောင်းလာခဲ့သည်။ပြောရရင်တော့သူတို့နှစ်ယောက်အိပ်ယာပေါ်သို့လဲလျောင်းလိုက်ပြီဆိုပါကလှုပ်လို့လဲမရတော့သလိုလှည့်လို့လည်းမရတော့ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now