ကျောမခိုင်းပါနဲ့
🌸pann
Part (10)
နေ့လယ်က ဘုန်းခန့်ရှိန်ရဲ့ အပြုအမူကြောင့် အခုထိ ရင်ထဲနွေးထွေးနေပြီး ကြည်နူးနေမိတာ ဘာကြောင့် ဖြစ်နေမလဲ...။
ဘာလို့ သူ အဲ့လို လုပ်ပေးတာလဲ..သူ ခဏ ဆိုပြီး ထွက်သွားတာက ဒီပုဝါ သွားယူဖို့လား..
သူက ပုဝါ ဆောင်မလား..သူက ယောကျာ်း လေးကို သူ့ဟာ ဟုတ်မလား ။
သူ ဘယ်က ရတာလဲ..ကောင်မလေး တွေက သူ့ကို ပေးလိုက်တာလား..။
သူ့ကို ပေးတယ်ပဲ ထား..သူက ယောကျာ်းလေးလေ သူ့လို ယောကျာ်းလေးကို ဘယ်မိန်းကလေး က မိန်းကလေး အသုံးအဆောင် ပုဝါပါး ပေးမလဲ..
ပေးတာလည်း ဖြစ်နိုင်တာပဲ..။
သူ့ကို ပေးရင်လည်း ဘာလို့ သူက ငါ့ကို ပေးမှာလဲ..
ပေးနိုင်တာလည်း ဖြစ်နိုင်တာပဲ..ဒီ ပုဝါပါးကို သူမှ မလိုတာ..။
သူ မလိုတာကို ပေးနိုင်တာပဲ..ဒါပေမယ့် အဲ့လိုလည်း သူ တခြားသူ ပေးတဲ့ အရာကို မလိုချင် လွှတ်ပစ်ခဲ့နိုင်တာပဲ..ငါ့နားကို ဒီပုဝါ ရောက်လာစရာကို မလိုတာ..
ဒါဖြင့် သူဝယ်လာတာလား..
သူ သွားဝယ်တာဆို ဘာလို့ သွားဝယ်တာလဲ..။
ငါ့ အတွက်လား..အစကတည်းက ငါ့အတွက် ရည်ရွယ် ပြီး သွားဝယ်တာလား ။
ဘာလို့လဲ..သူက ဘာလို့ ငါ့အတွက် သွားဝယ်ပေးရတာလဲ ငါမှမလိုတာ..။
ပြီးတော့ ငါ့ကို ဘာလို့ ဒါလေး ငါ့ပေါင်ပေါ် လွှားခြုံ ပေးရတာလဲ..
ဒီဒီ အဖြေ မရှိတဲ့ မေးခွန်းတွေ တစ်ယောက် ထဲ ထုတ်လိုက်...
သူဝယ်ပေးတယ်လို့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ ပုဝါပါးရှည်လေးကို ကိုင်ကြည့်လိုက် နှင့်..တစ်ချက်တစ်ချက် ကိုယ့်ကိုယ်ကို ပြုံးလိုက်မိသည် လို့လည်း ထင်သည်..မပြုံးလိုက်မိဘူး လို့လည်း ထင်သည်..။
ဒီဒီ ဘာလို့ ဒီလိုများ ဖြစ်နေတာလဲ..
ဒီလို ခံစားရတာ ဘာကြောင့်ဖြစ်မလဲ..ဒီလို ခံစားချက် ကြီးကို အရင်က တစ်ခါမှ မခံစားခဲ့ရဖူးဘူး..
ESTÁS LEYENDO
ကျောမခိုင်းပါနဲ့ (Unicode)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...
