❣Final Episode❣

2.2K 113 1
                                    

♥Unicode♥


"Jiji.... ကိုယ်တောင်းပန်ပါတယ်... မင်းကိုအစကတည်းကချစ်တယ်မပြောမိခဲ့လို့​ ကိုယ်ကသေချာမစဥ်းစားမိဘဲအဆင့်ကျော်ပြီးတွေးခဲ့တာ မင်းဘယ်လိုစဥ်းစားမလဲမတွေးမိဘူး"

"စိတ်မဆိုးနဲ့တော့နော်.... Oppa ကဟိုးအရင်ကတည်းက ညီမလေးလိုမဟုတ်ဘဲ သံယောဇဉ်​တွေပိုပြီးအရမ်းချစ်ခဲ့တာ"

"ကိုယ်ကချစ်တယ်မပြောမိလို့ ကလေးကအများကြီးလျှောက်တွေးနေမယ်မထင်ဘူးလေ အရူးလေး  oppa​ ပြောတာနားထောင်နေလား "

"​ကလေး​ ဒီဘက်လှည့်"

ကျောပေးပြီးထိုင်နေတာများ ကျောက်ရုပ်ကြီးကျလို့။ ပြန်လဲမပြော။ နားကောထောင်နေရဲ့လားမသိ။ ဒီကလေး အသက်ကောမှရှူရဲ့လား။

ဘေးနားကပ်ထိုင်လိုက်ပြီး နှာခေါင်းရှေ့လက်ညှိုးလေးထိုးခံလိုက်မှ

"အာ.... Oppa.... ဘာလုပ်တာလဲ"

"ဒီကပြောနေတာဘာမှပြန်မပြောလို့လေ အသက်ကောရှိသေးရဲ့လားလို့စမ်းကြည့်တာ"

"​လူကို"

နှုတ်ခမ်းလေးစူပွပြီး အလိုမကျစွာပြောမှ လိုရင်း​ ရောက်အောင်​ စကားစလိုက်သည်။

"​oppa​ ပြောတာကြားလား"

"အင်း... ဘာပြောတာလဲ"

"ချစ်တယ်လို့.... ခင်များလေးကိုအများကြီးချစ်ကြောင်းပြောနေတာ"

"​ဟုတ်လား... ဘယ်တုန်းကလဲ"

"​ကြည့်.... မသိချင်ယောင်ဆောင်နေပြန်ပြီ ကိုယ်အူယားလာပြီနော် စိတ်မထိန်းနိုင်ရင်"

"အခန်းတစ်ခန်းယူလိုက် ဒီညဒီမှာအိပ်ဖို့မစဥ်းစားနဲ့"

"​ကလေးနော် ခြောက်လကြီးတောင်ခွဲသွားပြီး ခုမှပြန်တွေ့ရတဲ့ဟာကို မရက်စက်နဲ့ကွာ"

" မရဘူးနော်... စိတ်ကြည်သေးတာမဟုတ်ဘူး​ သွားတော့"​

နှင်တော့လဲထွက်သွားရတာပေါ့။ Reception သွားကာ အခန်းယူတော့ ခရီးသွားရာသီမို့ဧည့်သည်တွေပြည့်နေသည်တဲ့။ လိုချင်တာဒါပဲလေ​:9။ လူယုတ်မာအပြုံးကြီးဆင်မြန်းလိုက်ပြီး​ ကောက်စိန်လေးဆီပြန်လာလိုက်တယ်။

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now