ချစ်ကြည့်ပါ

2.8K 244 24
                                    

Unicode

ဒီနေ့ Ren စာအုပ်လေးတစ်အုပ်ဖတ်မိတယ်။
Covid ဖြစ်နေတော့ အိမ်ထဲမှာပဲအောင်းနေရင်း မဖတ်ဖြစ်တဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ဖတ်လိုက်ရင်းနဲ့ အဲ့စာအုပ်က ပေးလိုက်တဲ့ အရာတစ်ခုကို အချိန်ယူပြီးစဥ်းစားမိလိုက်တယ်။

အဲ့တာက ဘာလဲဆိုတော့..
မျှော်လင့်ချက်မထားပဲ ချစ် ကြည့်ဖို့ တဲ့။

အချိန်တော်တော်များများ ကိုယ့်ကို ကိုယ် ပြန်ကြည့်မိတော့....

လူတစ်ယောက်ကို ဂရုစိုက်ပေးလိုက်တယ်။
လူတစ်ယောက်ကို ချစ်ပေးလိုက်တယ်။
ဒါပေမယ့် အဲ့နောက်မှာ ပြန်လိုချင်တဲ့ တစ်စုံတစ်ခုတော့ အမြဲပါနေတယ်။ မျှော်လင့်ချက်လေးပေါ့။

နားလည်အောင်ပြောရရင်..
Ren တို့ တွေ သမီး လိမ္မာလေး  သား လိမ္မာလေး လေးတွေဖြစ်အောင် လုပ်တယ်။
ဘာလို့လဲဆိုတော့ မိဘက ပိုပိုချစ်အောင်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

Ren တို့ သူငယ်ချင်းတွေကို ဂရုတစိုက်ရှိပေးတယ်။ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင်နေပေးတယ်။ သူတို့အကြိုက်ကို လိုက်ပြီး အလျော့ပေးကြတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေက ကိုယ့်ကို ပိုခင်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

Ren တို့တွေ ကိုယ့်ချစ်သူကို နားလည်ပေးကြတယ်။ ဂရုစိုက်ပေးကြတယ်။ လိုအပ်တာမှန်သမျှကို ရအောင်လုပ်ပေးတတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ့ကိုချစ်သလို ကိုယ့်ကို ပြန်ချစ်အောင်လို့ ပိုချစ်အောင်လို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

ဒါပေမယ့် Ren တို့ ကြိုတင်မစဥ်းစားမိတာတစ်ခုရှိတယ်။ အဲ့ဒါက Ren တို့ မျှော်လင့်သလို တစ်ဖက်က မပြုမူရင်ရော။

ဥပမာ....မိဘဆီက ချီးကျူးစကားလိုချင်လို့ ကြိုးစားပေမယ့် မိဘက မချီးကျူးတာမျိုး။

သူငယ်ချင်းဆီက အရေးပေးမှုကို မျှော်လင့်ပေမယ့် ကိုယ့်ထက် သူများကို သူက ပိုခင်နေတာမျိုး။

ကိုယ့်ချစ်သူက ကိုယ် ဂရိုစိုက်ပေးနေလျက်နဲ့ သွေးအေးစိမ်းကားနေတာမျိုး...

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now