Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)

7.5K 859 28
                                    

အပိုင်း ၃ ( အစားထိုး အမျိုးသားကိုယ်လုပ်တော်)

" အဆိပ်မိတဲ့လက္ခဏာတော့ မပြဘူးမလား။"

"ဟုတ်ကဲ့။ အဆိပ်မမိထားပါဘူး။ မကြာခင်နိုးလာပါလိမ့်မယ်။"

"ကောင်းပြီ။ မင်းသွားလို့ရပြီ။ ကတိအတိုင်း နှုတ်လုံပါစေ။"

"စိတ်ချပါ လူကြီးမင်း။"

တည်းခိုခန်းတစ်ခု၏အခန်းတစ်ခန်းတွင် လူနှစ်ယောက် တီးတိုးစကားဆိုနေခဲ့ကြသည်။ မလှုပ်မယှက်ရှိနေသော ကျန်လူတစ်ယောက်က ကုတင်ထက်တွင် မျက်ဝန်းများပိတ်လျက် လဲလျောင်းနေ၏။

လူတယောက်က ဆေးသေတ္တာနှင့် ဆေးဆရာဖြစ်ဟန်တူသော လူအား အပြင်သို့ထွက်သွားစေလိုက်ပြီး သူက အခန်းအလည်နား စားပွဲဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"အစားထိုးဖို့ အဆင်ပြေပါ့မလား။ “

ထိုလူက ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းလုကိုသေချာစွာကြည့်ရင်းရေရွတ်သည်။ သူ၏အတွေးများကလည်း တစ်စုံတစ်ရာကိုတွေးတောနေဟန်ပင်။

"မင်းသားလေးနဲ့တော့ အတော်လေးတူတယ်။ ခန္တာကိုယ်အရွယ်အစားကလည်း သိပ်မကွာဘူး။ မင်းသားလေးနဲ့တိုင်းပြည်အတွက် ဘာမဆိုလုပ်ရမှာပဲ။ ငါ့အသက်ကိုပေးဆိုရင်တောင် ငါတစက်မှ တွန့်ဆုတ်နေမှာမဟုတ်ဘူး။"

ထိုသူက မတ်တပ်ရပ်လိုက်ပြီး အန်းလုအနားသိူ့ရောက်လာကာ ကြည့်နေပြန်သည်။

"ဟင်း....."

အန်းလု၏ကိုယ်ခန္တာက တဖြည်းဖြည်းလှုပ်ရှားကာလာသည်။ အန်းလုက မျက်လုံးနှစ်ဖက်ကိုအသာဖွင့်ပြီး သူပထမဆုံးမြင်ရသည်က ထိုအဖြူရောင်ဝတ်ရုံနှင့်လူပင်။

"နိုးလာပြီလား။"

ထိုလူက အန်းလုအားစူးရှသောအကြည့်တို့ဖြင့် ကြည့်နေရင်းမေးလိုက်သည်။ အန်းလုက ထိုလူအား တစ်ချက်ကြည့်ကာ သူ့၏လည်ပင်းနောက်ဘက်အရိုက်ခံလိုက်ရသော လည်ဂုတ်နေရာ ကိုအသာပွတ်ကိုင်ရင်း ထိုင်ရန်ပြင်လိုက်သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now