Arc(1.6)

16.3K 2.4K 59
                                    

Unicode

Arc(1.6) - The Wild Dragon Proud Day

မျက်စိတစ်မှိတ်အတွင်းမှာပဲချင်ယုနှင့်လီလျိုတို့နန်ကုန်းအောင်၏အိမ်တော်မှာနေထိုင်ခဲ့တာသုံးလတောင်ရှိသွားခဲ့ပြီဖြစ်သည်။

ထိုသုံးလအတွင်းလီလျိုမှာချင်ယုနှင့်အိပ်ရာမဝင်ခင်စကားစမည်ပြောသည့်အချိန်မှလွဲ၍တွေ့ချိန်သိပ်မရှိခဲ့ပေ။အမြဲတမ်းသူအိပ်ငိုက်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှာသာချင်ယုကပြန်သွားမြဲဖြစ်၏။

ဒီစာအုပ်ကိုရေးသည့်သူတစ်ယောက်အနေဖြင့်သူချင်ယုကိုမတွေ့ရဘူးဆိုရင်တောင်မှချင်ယုဟာနန်ကုန်းအိမ်တော်မှစစ်သူကြီးသုံးယောက်နှင့်လျို့ဝှက်ခန်းထဲတွင်လေ့လာရင်းသူ့ရဲ့နေ့ရက်များကိုကုန်ဆုံးနေသည်ကိုသိနေသည်။

ထိုအခြေအနေနှင့်စပ်လျင်း၍လီလျိူကအလွန်ကိုပျော်ရွှင်နေသည်။အကယ်၍ဇာတ်လိုက်သာချင်တိုင်းပြည်အပေါ်တွင်အာဏာရယူနိုင်မည့်အရှိန်မြင့်တက်လာပါကသူအိမ်ပြန်ရမည့်အချိန်ကိုလည်းတိုစေလိမ့်မည်...ဒါကရိုးရှင်းစွာပဲကောင်းလွန်းတယ်လေ!

လီလျိုကသူ့စိတ်ထဲမှာရှိနေသည့်system၏တစ်ဖြည်းဖြည်းတိုးတက်လာသည့်တိုးတက်မှုပြဇယားကိုကြည့်လိုက်ပြီးသူ့အမူအယာကအရမ်းကိုကျေနပ်နေ၏။

ချင်ယုလေးဆက်ပြီးကောင်းကောင်းလုပ်နေနော်*hai-hai*...အကယ်၍သူသာညအချိန်သူ့အိပ်ချိန်တွေကိုလာမနှောင့်ယှက်ရင်အဲ့ဒါကပိုတောင်ကောင်းဦးမယ်

သို့သော်လည်းလူဆိုတာအများကြီးတောင်းဆိုလို့မရဘူးလေ....

ကောင်းပြီ~~အဖြစ်မှန်ကတော့ချင်ယုကိုအကြာကြီးမတွေ့ရတာက..........တော်တော်လေးတော့လွမ်းမိတယ်....ဝန်ခံမှာတော့မဟုတ်ပေမဲ့ပေါ့..

အခုသူကရှေးခေတ်မှာနေရပြီးဖျော်ဖြေတဲ့အရာတွေကလည်းရှားပါးတယ်လေအဲ့ဒီတော့သူငယ်ချင်းကောင်းတစ်ယောက်ရှိဖို့နဲ့....ငယ်ငယ်လေးကတည်းကအတူတူကြီးပြင်းလာတဲ့ငယ်သူငယ်ချင်းနဲ့စကားစမည်ပြောတာကအရမ်းကိုကောင်းတယ်....

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now