ခိုင်မာစွာအမြစ်တွယ်နေသော လူမျိုးစုရိုးရာများနှင့် စိတ်နေသဘောထားအမြင်တို့သည် ကာလကြာမြင့်သည့် အချိန်ကတည်းက ဖြူစင်၍အပြစ်ကင်းစင်သော လူသား၏စိတ်ဓာတ်ပေါ်သို့ အမှောင်ရိပ် လွှမ်းမိုးခဲ့၏၊ စိတ်ခံစားမှု သို့မဟုတ် အတ္တစိတ် လုံးဝမရှိသည့်အလား ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းမျှမရှိဘဲ လူသား၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့၏။ ဤနတ်ဆိုးတို့၏ နည်းလမ်းများသည် လွန်ကဲစွာရက်စက်၍ "ပညာပေး" နှင့် "ပြုစုပျိုးထောင်ခြင်း" တို့သည် နတ်ဆိုးတို့၏မင်းမှ လူသားအား သတ်ဖြတ်သည့်နည်းလမ်းဖြစ်သွားခဲ့သည့်အလား ဖြစ်သည်၊ ၎င်း၏ "လေးနက်သည့် အဆုံးအမ" ကို အသုံးပြု၍ ၎င်းသည် ၎င်း၏အကျည်းတန်သောဝိညာဉ်ကို အပြည့်အဝ ဖုံးအုပ်ထား၍၊ လူသား၏ ယုံကြည်စိတ်ချမှုကို ရရှိရန် သိုးရေကိုခြုံလျက် လူသားအိပ်စက်နေသည့်အခါ သူ့အားလုံးဝ ဝါးမျိုရန် အခွင့်ကောင်းယူ၏။ သနားစဖွယ် လူသားမျိုးနွယ်ပေတည်း။ ၎င်းတို့ကို ကျွေးမွေးပြုစုသည့် နိုင်ငံသည် နတ်ဆိုး၏နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွေးမွေးပြုစုသူသည် အကယ်စင်စစ် ၎င်းတို့ကို ထိခိုက်သော ရန်သူဖြစ်ကြောင်းကို ၎င်းတို့ မည်သို့သိနိုင်ခဲ့မည်နည်း။ သို့ရာတွင် လူသားသည် လုံးဝ နိုးထခြင်း မရှိပေ၊ အဆာပြေ၊ ရေငတ်ပြေပြီးနောက် သူသည် သူ့အားကျွေးမွေးပြုစုသည့် "မိဘများ" ၏ "ကြင်နာမှု" အတွက် ကျေးဇူးပြန်ဆပ်ရန် ပြင်ဆင်၏။ ယင်းမှာ လူသား ဘယ်လိုဘယ်ပုံဟူသည်ပင် ဖြစ်၏။ သူ့အား ကျွေးမွေးပြုစုခဲ့သော ဘုရင်မင်းသည် သူ၏ရန်သူဖြစ်ကြောင်းကို ယနေ့ သူမသိသေးပေ။ ကမ္ဘာမြေကြီးသည် သေဆုံးသူတို့၏အရိုးများ ပြန့်ကျဲလျက်ရှိသည်၊ နတ်ဆိုးသည် အလွန်အမင်း စိတ်လှုပ်ရှားမှု၊ စိတ်တက်ကြွမှုဖြင့် မရပ်မနား ပျော်မြူးကာ "မြေအောက်ကမ္ဘာ" တွင် လူသား၏အသားကို ဆက်လက်ဝါးမျို၍ လူ့အရိုးစုများနှင့် သင်္ချိုင်းတွင် အတူနေကာ လူသား၏စုတ်ပြတ်နေသော ကိုယ်ခန္ဓာမှ နောက်ဆုံးအကြွင်းအကျန်များကို စားရန် အချည်းနှီး ကြိုးစား၏။ သို့ရာတွင် လူသားသည် အစဉ်ပင် အသိဉာဏ်မဲ့လျက်ရှိ၍ မာရ်နတ်အား သူ၏ရန်သူအဖြစ် မည်သည့်အခါမျှ သဘောထားခဲ့ခြင်းမရှိဘဲ ယင်းအစား သူ၏နှလုံးသားတစ်ခုလုံးဖြင့် အစေခံ၏။ ဤကဲ့သို့သော အကျင့်စာရိတ္တပျက်စီးသော လူမျိုးများသည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကိုမရှိနိုင်ကြပေ။ လူ့ဇာတိခံယူ၍ ၎င်းတို့အကြားလာကာ သူ၏ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နေခြင်းသည် ဘုရားသခင်အတွက် လွယ်ကူသလော။ မရဏနိုင်ငံအတွင်း ထိုးကျနှင့်ပြီးဖြစ်သော လူသားသည် ဘုရားသခင်၏သတ်မှတ်ချက်များကို မည်သို့ဖြည့်ဆည်းနိုင်မည်နည်း။ လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင်ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့သက်ဆိုင်နိုင်သနည်း။ သူ၏အသက်တာကို ငရဲ၌ အဘယ်သို့ကုန်ဆုံးနိုင်သနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် "ငရဲ" နှင့် "မရဏနိုင်ငံ" အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အားဆန့်ကျင်ရန် အဘယ်သို့အရည်အချင်းမီသနည်း။ ဘုရားသခင်အကြောင်း နောက်ထပ်တစ်ကြိမ် ညည်းညူရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို နောက်ထပ်ကြည့်ရန် သူသည် အဘယ်သို့ အတင့်ရဲနိုင်မည်နည်း။ ကောင်းကင်ဘုံ၏ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့လာရောက်ခဲ့ပြီး သူ၏မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များ[၁] နှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သောတောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ မည်သည့်အခါမျှ လူသားအပေါ် တောင်းဆိုမှုများ လွန်ကဲစွာ မပြုခဲ့ဖူးဘဲ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက်တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသားလိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ လုပ်ဆောင်ရုံသာရှိ၏။ သူ၏အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ဘဝအတွက် မဟုတ်သနည်း။ သူသည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ညတမျှမည်းနက်သော အမှောင်စွမ်းအား၏ ဒုက္ခဝေဒနာနှင့် ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသောမိခင်ကဲ့သို့ဖြစ်သည့် ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ စိတ်အားထက်သန်သော ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ပြင်းပြသောနှလုံးသားနှင့် အလွန်တက်ကြွသော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာတရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများ၊ နာကျည်းစေသောဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှုတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏လှောင်ပြောင်မှု၊ သူ၏ စော်ကားမှုနှင့် ငြင်းပယ်မှု၊ သူ၏နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်းနှင့် ကွဲကွာခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့မှလွဲ၍ မည်သည့်အရာမျှမပါရှိပေ။ နွေးထွေးသောစကားများသည် ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံကာ သည်းခံရုံသာတတ်နိုင်၏။[၂] သူသည် သူ၏ဖခင်ထံမှ ထွက်ခွာခြင်း၏နာကျင်မှုထက် အဆတစ်ထောင် မချိမဆန့်ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖဲ့မှုများကို အောင့်ခံရင်း၊ လူသား၏ ကိုင်တွယ်မှုနှင့် ပြုပြင်ခြင်းတို့ကိုအောင့်ခံရင်း၊ နေပေါင်း၊ လပေါင်းမည်မျှ၊ ကြယ်များနှင့်ရင်ဆိုင်ခဲ့သည့် အကြိမ်ရေမည်မျှ၊ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည့်အကြိမ်ရေမည်မျှ ရှိသနည်း။ ဘုရားသခင်၏နှိမ့်ချမှုနှင့် မမြင်ရမှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊[၃] လူသား၏ မတရားသောအမြင်များ၊ ဆက်ဆံမှုများနှင့် ကျေးဇူးဆပ်ခံရကာ သူ၏ မထင်မရှား သိုသိပ်နေခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မသန့်ခြင်း မဖြစ်ဘဲ ဘုရားသခင်သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏စိတ်သဘောထားသည် "ရှားပါးသောကျွမ်းကျင်မှု" တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် သောင်းပေါင်းများစွာသောလူတို့၏ ခြေများအောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားသည် ရဲတိုက်၏ဘုရင်ဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူလိုသည့်အလား၊[၄] ခန်းဆီးနောက်ကွယ်မှ လူအများ၏အလေးဂရုပြုမှုကိုရရှိရန်၊ တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ညွှန်ကြားရေးမှူးအဖြစ် ဘုရားသခင်ကိုပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ရမည်ဖြစ်သည်။[၅] လူသား၏လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ကြင်နာမှုကို လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲရရှိရန် မည်သို့သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးမဆွက ဘုရားသခင်၏အသည်းခွဲခဲ့သည်၊ ထိုကြာမြင့်သည့် အချိန်ကတည်းက ဘုရားသခင်၏နှလုံးကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ နွေးထွေးမှုနည်းပါးသော်လည်း လူသားသူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ နိုးကြားတက်ကြွစွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသားအားဖြင့် နှစ်သိမ့်ခံရရန် နှေးကွေး၏၊ သူလက်ခံရရှိသမျှမှာ တမဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့်[၆] တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမျှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲ၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေး၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရသည်မှတစ်ပါး အခြားရွေးချယ်စရာမပေးဘဲ လူသားကို ၎င်းဆန္ဒရှိသည့်အတိုင်း သူ့အားခြယ်လှယ်ခွင့်ပေး၏။
ESTÁS LEYENDO
ခရစ်တော်၏ ပြောကြားချက်များ
De Todoနောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တို...
