အပိုင်း တဈဆယျ့နှစ်

984 46 0
                                        

Zawgyi

နေရောင်နွေးနွေး၏ မျက်နှာပေါ်ကျရောက်မှု
နှင့်အတူ ကျေးငှက်သံသာသာတို့‌ကြောင့်
နှုတ်ခမ်းလေးတွေတွန့်ကွေးသည်အထိပြုံးလိုက်မိသည်။

အမြဲတမ်းဒီလို နားအေးပါးအေးအပူအပင်မရှိနိုးရရင်ဘယ်လောက်ကောင်းမလဲလေ။

အိမ်မှာဆို ကျူရှင်မမှီမှာစိုးလို့ အစောကြီးထရ
သင်တန်းနောက်ကျမှာစိုးလို့ Alarmသံနဲ့ထရနဲ့။

နွေရာသီဆိုပေမင့် ညဦးပိုင်းကျ အေးသည်မလို့ ကိုဘုန်းကစောင်အထူကြီးခြုံပေးထားသည်ထင့်။
ဘယ်ချိန်တုန်းက ခြုံထားပေးပါလိမ့်။

ရာသီဥတုလေးက နေလို့ကောင်းနေတော့
မထချင်တော့။

ကျွန်တော့်အပေါ်ကစောင်ကိုအသာဆွဲတင် ခုနကတည်းကမဖွင့်ရသေးတဲ့ မျက်လုံးနှစ်လုံးကို မဖွင့်သေးဘဲ အိပ်ယာထဲအသာမှိန်းကာ ဆက်နှပ်နေလိုက်သည်။

အဲ ကိုဘုန်းဆိုမှ အခုမှသတိရသည်။ဒီလူကြီးကထသွားပြီထင်သည်။

မဖြစ်သေး အခုကသူများအိမ်လေ ။အိမ်ရှင်တောင် ထပြီဆိုမှတော့ ဧည့်သည်ကဆက်အိပ်နေဖို့ရာကမကောင်း။

တွေးမိသည့်အတွေး‌ကြောင့် အိပ်ယာကနေ ဆတ်ခနဲထထိုင်လိုက်တော့ ခေါင်းကတစ်ချက်နောက်သွားသည်။

ကျွန်တော်ကအိပ်ယာ ထတဲ့အခါအဲ့လိုချက်ချင်းကြီး ထလိုက်တဲ့အခါမျိုးဆို ခေါင်းက်ုက်တတ်သည်။

"ဘယ်သူက အော်ဟစ်နှိုးနေလို့ အဲ့လိုကြီးထလိုက်တာတုန်း။အိမ်မက်ထဲ သရဲလိုက်‌နေလ့်ုလား။"

မှန်တင်ခုံရှေ့မှာ တဘက်ကို အောက်ပိုင်းသာပတ်ထားပြီး ခေါင်းတွေကိုရေခြောက်အောင်သုတ်ရင်း ကျွန်နော့်ဘက်လှမ်းကြည့်ကာဆိုသည့် ကိုဘုန်း။

ဘာလဲသူ့အိမ်ရောက်တော့ အချိုး‌ပြောင်းချင်တာလား။စကားက်ုကရွဲ့တဲ့တဲ့နဲ့။

"အခုတော့ ခေါင်းကိုက်သွားပြီမလား။

ကိုယ့် ကို ကိုယ် ဘယ်တော့မှဂရုမစိုက်ဘူး။"

"မျက်နှာသစ်ပြီး လန်းသွားအောင်ရေချိုးလိုက်။"

စိုးရိမ်စကားတွင် ဆူပူချင်သည့် အရိပ်အယောင်များပါဝင်သည်။

💙ကျွန်တော့် ပီအိုက်♥️Nơi câu chuyện tồn tại. Hãy khám phá bây giờ