Arc(1.7)

15.6K 2.2K 12
                                    

Unicode

Arc(1.7)
The Wild Dragon Proud Day

မြေပြင်ပေါ်တွင်နေရောင်ခြည်သည်အတော်လေးကိုထွန်းလင်းတောက်ပနေသည်။ပူပြင်းသောနေရောင်ခြည်ကတောတောင်ရှုခင်းများအား-အားအင်ကုန်ခမ်းနေပြီးပုံပန်းပျက်နေသလိုဖြစ်ပေါ်စေ၏။

ဆင်းရဲသောရွာငယ်လေးတစ်ရွာတွင်မြက်ခြောက်ခေါင်မိုးနှင့်ရွံ့များဖြင့်ပတ်ပတ်လည်ကာရံထားသောအကာအရံများဖြင့်နေရာလေးတစ်နေရာရှိနေ၏။

ခပ်ကုန်းကုန်းကျောကုန်းနှင့်အနက်ရောင်ဆံပင်များပိုင်ရှင်ယောကျာ်းတစ်ယောက်သည်မောပန်းနွမ်းနယ်နေသာမျက်နှာဖြင့်လေးဖင့်စွာဖြင့်လမ်းလျှောက်လာနေသည်။သူကခြောက်သွေ့အက်ကွဲနေသောလယ်ကွင်းများအားဖြတ်ကျော်ကာဟောင်းနွမ်းနေသောသူ့ရဲ့ခြံဝင်းလေးထဲသို့ဝင်ရောက်လာလေသည်။

အိမ်ပေါက်ဝတွင်တော့ရိုးရိုးဝါဂွမ်းအဝတ်များကိုသာဝတ်ဆင်ထားပြီးဆံပင်ကိုထုံးဖွဲ့ထားသည့်အမျိုးသမီးတစ်ယောက်သည်အာဟာရချို့တဲ့သောကြောင့်ပိန်လှီနေသည့်ကောင်လေးတစ်ယောက်အားလက်ထဲတွင်ပွေ့ဖက်ထားသည်။သူမကြည့်ရသည်မှာစောင့်နေတာအတော်လေးကြာနေသည့်ပုံပေါ်နေပြီးမျက်နှာပေါ်တွင်တော့စိုးရိမ်စိတ်များဖြင့်ပြည့်နှက်နေ၏။

ထိုလူလတ်ပိုင်းအမျိုးသားပြန်လာသည်အားတွေ့သောအခါသူမမျက်လုံးများသည်မျှော်လင့်ချက်များဖြင့်တောက်ပသွားသည်။

"ယောကျာ်း! ဘယ်လိုလဲဟင်?ဒီနှစ်အခွန်ကိုရောရွေ့ဆိုင်းလို့ရလား?"

ထိုအမျိုးသားကခေါင်းခါပြပြီးတံခါးဝမှာပင်ထိုင်ချလိုက်တော့သည်။ထို့နောက်သူ့ရင်ဘက်ထဲမှ 'ဂလောက်ဂလောက်' မည်နေသောပြွန်တစ်ခုကိုထုတ်ယူလိုက်သည်။

ခဏမျှအသက်ပြင်းပြင်းရှုလိုက်ပြီးမှာသူကစတင်ပြီးစကားပြောတော့၏

"ငှားခကိုမလျှော့ချတဲ့အပြင်ငါတို့မပေးလို့လည်းမရဘူးအဲ့ဒါတောင်မကသေးဘူး10%တောင်တိုးလာသေးတယ်ရွာသူကြီးပြောတာတော့ဒီနှစ်အောက်တိုဘာလဆိုတာနဲ့အခွန်တွေအကုန်လုံးအပ်ရမှာတဲ့"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now