Arc(1.10)

15.2K 2.1K 63
                                    

Unicode

Arc(1.10)
The Wild Dragon Proud Day

သေကြေပျက်စီးသည့်အသံများနှင့်ပေါက်ကွဲကြေမွသွားသည့်အသံများကနေရာတစ်ကာတွင်ကြားနေရသောကြောင့်ပတ်ဝန်းကျင်လေထုသည်ပြင်းထန်ပြီးအရေးတကြီးဖြစ်နေသည်။

သွေးများကနေရာတစ်ကာပျံ့နှံ့နေပြီးအဟောင်းတစ်ခုမခြောက်ခင်မှာပင်နောက်တစ်ခုကထပ်မံဖုံးလွှမ်းသွား၏။

ချင်ယု၏ကိုယ်ခံပညာကအင်အားကြီးမားသော်လည်းရန်သူအများအပြား၏တိုက်ခိုက်မှုအားအကြိမ်ကြိမ်ခံလာရသောကြောင့်သူ့ရဲ့လှုပ်ရှားမှုများမှာလည်းအကန့်အသတ်ရှိလာသည်။လီလျိုတဲထဲမှထွက်လာသည့်အခါမှာတော့သူကရန်သူစစ်တပ်နှစ်စု၏ဝိုင်းရံခြင်းအားခံနေရပြီဖြစ်ပြီးအကုန်လုံးကအတူတူတိုက်နေကြသည်။

လီလျို၏ကိုယ်ခံပညာကချင်ယုလောက်တော့ထူးခြားပြီးတော်လွန်းတာမဟုတ်သော်လည်းကိုယ်ခန္တာအရွယ်အစားမတူညီရင်တောင်တစ်ချို့စစ်သားလောက်တော့သူကိုယ်တွယ်နိုင်သေးသည်။သူကသူ့ကိုယ်သူကာကွယ်ဖို့နဲ့သူတို့ကိုသတ်ဖို့အတွက်လောက်ကတော့ဘာပြဿနာမှမရှိသော်လည်းတစ်ခါတစ်လေတော့အကုန်လုံးကိုရှင်းပစ်ရန်ကအချိန်တစ်ချို့ယူရန်လိုအပ်၏။

လီလျိုရဲ့ဓားဟာစစ်သားတစ်ယောက်ရဲ့ဒဏ်ရာရနေတဲ့ရင်ဘတ်ကိုထိုးဖောက်နိုင်ခဲ့ပြီးသူ့လက်တွေပေါ်ပူနွေးနေသည့်သွေးအနည်းငယ်ကျဆင်းသွားတာကိုခံစားရတဲ့အခါမှာတော့အနည်းငယ်တုန်လှုပ်စပြုလာသည်။သို့သော်လည်းသူ့ရဲ့ပထမဆုံးလူသတ်မှုနှင့်ယှဉ်ရင်တော့သူ့ရဲ့သေလောက်အောင်ဖြူဆုတ်နေသည့်အသားအရည်ကအနည်းငယ်ပိုကောင်းမွန်လာသည်။

လီလျိုသည်သူ၏ဓားကိုဆွဲထုတ်ပြီးချင်ယုအားရန်သူများဝိုင်းတိုက်ခိုက်နေကြသည့်ဝန်ထုပ်ဝန်ပိုးအနည်းငယ်ကိုကူထမ်းပေးရန်အရှေ့မှရပ်၍ဆက်တိုက်ပေးနေ၏။

တိုက်ပွဲအဆုံးသတ်ရန်တစ်နာရီကျော်မျှအချိန်ကြာမြင့်ခဲ့သည်။

စခန်းမှလင်မြို့သို့ပြန်ရန်လုပ်သည့်ကြိုတင်ပြင်ဆင်မှုတွင်ဖမ်းဆီးရမိသောစစ်သားအားလုံးသည်သူတို့၏လှုပ်ရှားမှုများကိုလျှော့ချရန်အတွက်အတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရသည့်သူများဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now