Arc(1.11 - 2)

13.9K 2K 21
                                    

Unicode

Arc(1.11 - 2)

The Wild Dragon Proud Day

ယွန်ရှီမြို့ကိုအလျင်အမြန်သိမ်းယူနိုင်ရန်လွန်ခဲ့သောသုံးရက်ကလီလျိုနှင့်ချင်ယုတို့ကယုံကြည်စိတ်ချရသောစစ်သားအနည်းငယ်နှင့်မြိ့ထဲကိုထိုးဖောက်ဝင်ရောက်ခဲ့သည်။သူတို့ဝင်လာပြီးသည့်အခါမှာတော့အသွင်ပြောင်း၍နေနေခဲ့ကြခြင်းဖြစ်၏။

သို့သော်လည်းသုံးရက်အကြာမြို့တော်ဝန်၏နေအိမ်တော်ကိုလေ့လာပြီးသည့်နောက်သူတို့အိမ်တော်ထဲသို့ဝင်သည့်အခါအစောင့်တွေကိုမလှန့်ပဲနှင့်ဝင်နိုင်မည့်အခွင့်အရေးကိုနည်းလမ်းရှာခဲ့ခြင်းမှာမအောင်မြင်ခဲ့ပေ။

နေအိမ်တော်၏အပြင်ဘက်တွင်လှံများကိုင်ဆောင်ထားသည့်စစ်သားနှစ်ထပ်ရှိနေသည်။ဒါတောင်နာရီတိုင်းလဲလှယ်နေသည့်ကင်းလှည့်စစ်သားများမပါသေးပေ။၎င်းသည်သံနံရံကြီးတစ်ခုနှင်ပင်နှိုင်းယှဉ်၍ရသည်။

တကယ်တော့ချင်ယုဘယ်လိုပဲထူးဆန်းတာလုပ်နေပါစေအဲ့ဒါကအမြဲတမ်းဆူးညှောင့်ခလုတ်တစ်ခုဖြစ်နေခဲ့တာဖြစ်၏။

ဤကိစ္စမျိုးတွင်အကောင်းဆုံးအစီအစဉ်မှာစစ်သားအားလုံးကိုလဲကျသွားစေနိုင်လောက်မည့်မူးယစ်ဆေးဝါးအမြောက်အမြားကိုထုတ်လွှတ်ရမှာဖြစ်သည်။ ထို့နောက်မြို့တော်ဝန်ကိုရှာပြီးနောက်တစ်ခေါက်လဲမည့်စစ်သားများမလာမီတွင်သူ့ကိုသတ်နိုင်ရန်အရေးကြီးသည်။

ထို့နောက်တွင်တော့မြို့တံခါးဝကိုစောင့်ကြပ်နေသောစစ်သားများကိုဖယ်ရှားရန်လူအနည်းငယ်ကိုခွဲဝေချထားလိုက်သည့်အခါ၎င်းအစီအစဉ်သည်အောင်မြင်နိုင်မှာဖြစ်သည်။အကယ်၍သူတို့ကမြို့တော်ဝန်ကိုဖယ်ရှားပစ်မည့်အစီအစဉ်ပျက်စီးခဲ့မယ်ဆိုရင်နောက်အစီအစဉ်တစ်ခုအနေဖြင့်မြို့တံခါးဝကိုဖွင့်လှစ်ကာမြို့တော်အပြင်မှာတပ်ဆွဲထားသည့်စစ်သားသုံးသိန်းအားအထဲသို့ဝင်ခိုင်းလိုက်ရမှာဖြစ်ပြီးဤအစီအစဉ်မှာသာမန်အရပ်သားများအားအချို့သောထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေနိုင်သောကြောင့်ပထမစီမံကိန်းအောင်မြင်ရင်အေကောင်းဆုံးဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now