Arc(1.12)

13.9K 2K 51
                                    

Unicode

Arc(1.12) - Part(1) & Part(2)

Wild Dragon Proud Day

မြို့တော်ဝန်၏အိမ်တော်အားဧရိယာပေါင်းများစွာဖြင့်ဖုန်းလွှမ်းထားပြီးအလွန်ကိုလှပကောင်းမွန်သည့်ဇိမ်ခံပစ္စည်းများဖြင့်တည်ဆောက်ထားသည်။ထောင့်တိုင်းသည်လည်းကျောက်စိမ်းတုံးများဖြင့်စီခြယ်ထားသောကြောင့်တောက်ပနေကာအလွန်လှပသည့်ခံစားချက်အားပေးစွမ်းနိုင်သည့်စံအိမ်ကြီးတစ်ခုပင်ဖြစ်သည်။

လီလျိုနှင့်ချင်ယုတို့ကနံရံပေါ်သို့ခုန်တက်လိုက်ကြပြီးကံကောင်းစွာဖြင့်ပင်မြို့တော်ဝန်ဥယျာဉ်ထဲသို့တိုက်တိုက်ဆိုင်ဆိုင်ရောက်သွားကြတော့သည်။သူတို့ကပန်းများနှင့်သစ်ပင်များ၏အရိပ်နောက်တွင်ပုန်းလျိုးကွယ်လျိုးဖြင့်သွားလာနေကြရင်းသစ်ပင်များကိုဖြတ်၍တိုက်ခတ်နေသည့်လေနှင့်အတူအားနည်းသည့်ခြေသံနှစ်ခုအားကြားလိုက်ရသည်။

သူတို့နှစ်ယောက်ကကျောက်တုန်းများနောက်တွင်အလျင်အမြန်ပုန်းနေလိုက်ကြပြီးအဝေးတစ်နေရာမှအဖြူရောင်ကျောက်တုန်းများကိုစေ့စေ့စပ်စပ်ကြည့်နေလိုက်ကြရင်းဖြင့်ပန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အစေခံနှစ်ယောက်၏စကားပြောဆိုနေသံများအားနားထောင်နေလိုက်သည်။

"ဟုတ်တယ်...အခုတော့သခင်ကြီးရဲ့စိတ်တွေကောင်းနေတယ်ပြီးတော့အခုချိန်ထိအိပ်ယာထဲမှာလီသခင်လေးနဲ့နေနေတုန်းပဲ...ငါကြားတာတော့သူပုန်အဖွဲ့ကမြို့တံခါးနားကိုရောက်နေကြပြီတဲ့"

ငွေရောင်လင်ဗန်းအားကိုင်ထားသည့်ပိုငယ်ပုံပေါ်သောအစေခံလေးကပြောလိုက်သည်။သူမ၏လေသံမှာစိုးရိမ်တကြီးဖြစ်နေ၏။

"နင်ကဘာကိုကြောက်နေတာလဲ?အဲ့ဒီသူပုန်တွေကမြို့ကိုလွယ်လွယ်နဲ့တော့မတိုက်နိုင်ပါဘူးပြီးတော့သခင်ကြီးကဒီကိစ္စနဲ့ပတ်သတ်ပြီးဧကရာဇ်ကိုအစီရင်ခံပြီးနေပြီအဲ့တော့ရက်အနည်းငယ်အတွင်းမှာငါတို့ကိုစစ်ကူဖို့ရောက်လာလိမ့်မယ်"

ပိုအသက်ကြီးပုံရသည့်အစေခံကသူ့လက်ကိုပျင်းရိစွာဖြင့်လေထဲကိုမြှောက်လိုက်ပြီးအလွန်ကိုယုံကြည်စိတ်ချနေသည့်အသံဖြင့်ပြောလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now