.. ၁၃၅ ..
15.8K 1.5K 45
《Zawgyi》
အခန်း - ၁၃၅
[သူက ငါနဲ့အတူတူ နေချင်တာလား? - ၂]
"ချင်းစုယွဲ့ .. ဒီလိုပြောတယ်ပေါ့ .. မင်း တော်တော်လေး ကျေးဇူးမသိတတ်တာလို့ မထင်ဘူးလား?"
ချင်းစုယွဲ့က ပြုံးလိုက်ရင်းမှ ခေါင်းခါပြလေ၏။ "မထင်ပါဘူး"
"ဟမ့်!" ချန်းစီနျန်က မကျေမနပ် ပြောလိုက်လေသည်။ ငါ သူ့ကို အပြစ်မပေးနိုင်ဘူးလို့များ ထင်နေလား? အဲဒီနောက်မှာတော့ ချန်းစီနျန်ဟာ သူ့ခေါင်းကို ငုံ့လျက် ချင်းစုယွဲ့အား နောက်တစ်ကြိမ် ထပ်နမ်းလိုက်လေ၏။ ချင်းစုယွဲ့မှာတော့ အထိတ်ထိတ် အလန့်လန့်နှင့် သူ့ကို သတိပေးလိုက်ရသေးသည်။ "လမ်းကို ကြည့်လျှောက်အုန်းလေ!"
ချင်းစုယွဲ့က သူ့အိမ်မှာ အချိန်နည်းနည်း ထပ်နေလိုက်သေးသည်။ နှစ်ဦးသားမှာ ဆိုဖာထက်တွင် ပွေ့ဖက်ထိုင်နေကြလျက် ခေတ်ဟောင်းရုပ်ရှင် တစ်ကားအား အတူတူ ကြည့်လိုက်ကြသည်။
နောက်ဆုံး .. ရုပ်ရှင် ပြီးသွားသည့် အချိန်မှာတော့ မိုးကလဲ တိတ်သွားလေ၏။ ချင်းစုယွဲ့က ခေါင်းငုံ့လျက် အချိန်ကို ကြည့်လိုက်သည်။ "ကျွန်မ ပြန်သင့်ပြီ"
"အိုခေ" ချန်းစီနျန်ဟာ ချင်းစုယွဲ့ရဲ့ အလုပ်က အကြာကြီး နားချိန်မရဘူးဆိုတာ သူသိလေသည်။ အကယ်၍ ချင်းစုယွဲ့သာ အိမ်ကို ချက်ချင်း မပြန်သေးလျှင် ချင်းမိသားစုက သူ့အပေါ် အမြင်မကြည်တာတွေ ဖြစ်လာနိုင်သည်။
အပြန်လမ်း၌ ချန်းစီနျန်က မေးလိုက်သည်။ "မနက်ဖြန် အချိန်ရလား?"
ချင်းစုယွဲ့က သေချာ တွေးကြည့်လိုက်ပြီးနောက် အမှန်အတိုင်းပဲ ပြောလိုက်လေ၏။ "အခုထိတော့ မသိသေးဘူး"
ချန်းစီနျန်ကလည်း အခုက တရုတ်နှစ်သစ်ကူးဖြစ်၍ ချင်းစုယွဲ့က သူမရဲ့ မိသားစုနှင့်အတူ နေရမှာဖြစ်ကြောင်း သိလေ၏။ အဲဒါကြောင့်မို့ သူက အကောင်းဆုံးဖြစ်မည်ကို ချိန်ညှိလိုက်သည်။ "သဘက်ခါ ဆိုရင်ရော?"
"ဇန်နဝါရီ၁ရက်နေ့လား? အဲ့နေ့လည်း အားမယ်လို့တော့ မထင်ဘူး"
"မင်း မိသားစုရော အားလောက်လား?" ချန်းစီနျန်က ဆက်မေးလိုက်၏။