Arc(1.13 - 2)

13.4K 1.9K 20
                                    

Unicode

Arc(1.13 - 2) 

လီလျို၏မျက်လုံးများကချက်ချင်းပင်တောက်ပသွားတော့သည်။

ဒါကသဘာတူလိုက်တယ်ဆိုတာကိုပြတာလား?ချင်ယုကသူ့ပါးစပ်ကိုဖွင့်ခဲ့တာကတော်တော်လေးကြာခဲ့ပြီဆိုတော့အခုလောက်ဆိုရင်သူ့ရဲ့အကန့်အသတ်လောက်တော့ရောက်နေလောက်ပြီပေါ့နော်..ဟုတ်တယ်မှတ်လား?

လီလျိုကချင်ယုနောက်မှလိုက်ကာသူ့အပေါ်ဝတ်များကိုချွတ်လိုက်ပြီးအိပ်ယာပေါ်သို့တက်လိုက်သည်။ထို့နောက်ဇွဲရှိရှိပင်ချင်ယု၏ကျောကုန်းအားလက်ညှိုးလေးနှင့်ထိုးလိုက်လေ၏။

"ယု....မင်းငါ့ကိုစကားမပြောတာ တော်တော်ကြာနေပြီ....ဒီလောက်စိတ်ဆိုးပြီးနေပြီဆိုတော့အခုလောက်ဆို စိတ်ပြေသင့်နေပြီလေကွာနော်?........ငါကတိပေးတယ်!အဲ့ဒီလိုစကားမျိုးဘယ်တော့မှထပ်မပြောတော့ဘူးဟုတ်ပြီလား? ...ငါမှားတာငါသိပါပြီကွာ..."

ချင်ယုကတော့လီလျိုကိုကျောပေးပြီးလှဲနေဆဲဖြစ်၏။လီလျိုကသူ့ကိုတစ်ဒါဇင်ကျော်လောက်လက်ညှိုးနဲ့ထိုးနေပြီးနောက်မှာတော့ဒီထက်ပိုပြီးမနေနိုင်တော့ပေထို့ကြောင့်နောက်သို့လှည့်ပြီးသူ့ရဲ့နက်မှောင်နေသည့်မျက်လုံးများကလီလျိုကိုစူးစိုက်ကြည့်လိုက်သည်။

"အဲ့ဒီလိုစကားမျိုးထပ်မပြောရတော့တာတင်မကဘူးအဲ့ဒီလိုနေရာမျိုးကိုလည်းမင်းဘယ်တော့မှမသွားရဘူး"

လီလျိုကချက်ချင်းပင်ပါးစပ်နားရွက်တက်ချိတ်သည်အထိပြုံးလိုက်ပြီးလက်သုံးချောင်းထောင်လိုက်သည်။

"ငါကျိန်တယ်...ငါအဲ့ဒီလိုစကားမျိုးဘယ်တော့မှထပ်မပြောတော့ဘူးပြီးတော့အဲ့ဒီလိုပျော်တော်ဆက်ဂေဟာကိုလည်းလုံးဝမသွားဘူးနော်"

ဒါကသူ့ပါးစပ်ထဲကဒီအတိုင်းထွက်သွားသည့်စကားမဟုတ်ပေဘယ်လိုများသူဒီလိုအကြံမျိုးထပ်တွေးရဲပါဦးမလဲ....ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီအချိန်တုန်းကလည်းသူကဒီအတိုင်းတွေးလိုက်ခြင်းသာဖြစ်ပြီးချင်ယုသာအရင်တုန်းကအတိုင်းသူ့အပေါ်ပြန်နေပေးမယ်ဆိုရင်အရာအားလုံးအားမေ့ပစ်လိုက်နိုင်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now