special extra for covid-19

53.5K 3.2K 149
                                    

Special Extra for covid-19

ကမ္ဘာအနှံ့ပျံ့နေတဲ့ ရောဂါပိုးကြီးကြောင့် သိန်းပေါင်းများစွာ သောလူများရဲ့ အသက်များစွာဆုံးရှုံးခဲ့ရတယ် ။တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုခဲ့သော ထိုရောဂါက မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ လမှစပြီး အစချီဝင်ရောက်လာခဲ့တယ်။ ကမ္ဘာ့ကပ်ရောဂါလို့ ခေါ်ရလောက်အောင်ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူများ၏ အသက်ကို ကူးစက်ရောဂါအနေနဲ့ နှုတ်ယူကြတယ်။ အီတလီနိုင်ငံက ကူးစက်၂ယောက်မှစပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးကို ပျံ့နှံ့လာကာ ကြောက်စရာကောင်းလောက်အောင်ကို လူအများသေကြေကြရတယ် ။ စစ်ဖြစ်ရင် ရှေ့တန်းမှ ထွက်တိုက်ဖို့ စစ်သည်တွေ များပြားလုံ့လောက်ပေမယ့် ယခုလို ကပ်ဘေးရောဂါဆိုက်သည့် အချိန်ရောက်တော့ ရှေ့တန်းမှ ထွက်တိုက်ရသည်မှာ လူအသက်ကယ် ဆရာဝန်များ ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသာဖြစ်တယ်။ သိုပေမယ့် စစ်သားတွေလို လက်နက်နှင့်တိုက်ထုတ်လို့မရသလို လူအင်အားလည်း များများမရှိဘူး ။ ဆင်းရတဲ့နိုင်ငံဖြစ်ပြီး  နိုင်ငံမှာ.... အနည်းစုသော ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများနှင့်သာ ပညာတည်းဟူသောလက်နက်နှင့် သတ္တိတို့ဖြင့် ရှေ့တန်းထွက်တိုက်ရတယ်။ယခု ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကူးစက်လူနာ၂ယောက်မှ အစပြုခဲ့ရာ ယခုဆိုလျှင် 73 ယောက်ဖြစ်လာပြီ။ နိုင်ငံအစိုးရသည်လည်း ကူးစက်နှုန်းလျော့ချရေးနဲ့ ကာကွယ်ရေးအတွက်လိုအပ်သည်များဆောင်ရွက်နေသလို ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာဝန်များသည် အပတ်တကုပ် ကြိုးပမ်းနေရရှာတယ်။ဒါ့ကြောင့် ကျနော်တို့လည်း အိမ်မှာ နေ၍ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းဖြင့် တစ်ဖက်တလမ်းမှ ပါဝင်ကူညီကြရအောင်။ ခွန်အား ၊ လုပ်အား မကူညီနိုင်ရင်တောင် မိမိကိုယ်ကိုရော မိမိမိသားစုကိုပါကာကွယ် စောင့်ရှောက်ခြင်းဖြင့် ပါဝင်ကူညီကြပါစို့.......................... ။

ထိုစာလေးအား Facebook စာမျက်နှာတွင် ခေတ်နွေတင်ရင်း ရင်မောစွာ သက်ပြင်းချလိုက်မိသည်။ တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အဖြစ်ဆိုးတွေနဲ့ စည်းကမ်းမလိုက်နာဘဲ ကျန်းမာရေးအသိဥာဏ်နည်းပါတဲ့ လူတစ်ချို့ကြောင့် စိတ်မောရသည်မှာအမှန်။တားမြစ်ထားသည့်ကြားမှာ သင်္ကြန်ထွက်ဆော့တဲ့လူနဲ့ အစစ်မခံဘဲ ထွက်ပြေးတဲ့ လူတွေကြောင့် ရင်လေးမိပါဘိ။

Sugar Daddy (Completed)Where stories live. Discover now