Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)

7.2K 869 69
                                    

အပိုင်း ၄ (မရင်းနှီးသော မျက်နှာတစ်စုံ)

"ခဏ...ခဏလေး...အဲ့တော့...မင်းပြောတဲ့ ဧကရာဇ်အမည်က မဟုတ်မှ....လီချီရှန်း"

"အင်း…..ဟုတ်တယ် ။ အန်းလု မသိစရာအကြောင်းတော့မရှိပါဘူး။"

ကျင့်ချီက အကြောင်းအရာတစ်ချို့ရှင်းပြနေရင်းမှ အန်းလုအမေးကြောင့် ပြန်ဖြေလိုက်သည်။

အန်းလု တစ်ကိုယ်လုံး ပူထူသွားသည်။ သူဝွေးလိုက်မိသည်က ချီရှန်းဆီသို့ ထိူလူအကူအညီဖြင့်ပင် သွားလျင်ရနေပြီ။ အန်းလုက တချက်ပြုံးလိုက်ပြီး

"အင်း....ကျွန်တော် ကြားတော့ကြားဖူးပါတယ်။ သူကအတော်လေးကို ပြည့်စုံမြင့်မြတ်တဲ့ ဘုရင်တစ်ပါးဆိုတာကို...."

"သတင်းတွေကတော့ ဒီလိုတွေပါပဲ။ပြောရရင် အရင်ကပေါ့။ အခုတော့....."

ထိုစကားကြောင့် အန်းလု ကျင့်ချီကိုကြည့်လိုက်သည်။

"ဘာကိုဆိုလိုချင်တာလဲ။ သူကဘာဖြစ်လို့လဲ။"

"လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက်က အမျိုးအမည်မသိတဲ့ ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လေ။ ဘယ်သူမှတော့ အဲ့ဒီအကြောင်းအရာကို သေချာမသိကြဘူး။ ဒါပေမယ့် နန်းတော်ကြီးကတော့ အတော်လေး ကြောက်စရာကောင်းသွားခဲ့တယ်။ အဲ့ဒီ ဘုရင်လီချီရှန်းကလည်း များသောအားဖြင့် နန်းတော်မှာ မနေတော့ပဲ စစ်ပွဲတွေထဲမှာ အချိန်ကုန်ပြီးနယ်ချဲနေခဲ့တယ်။ "

(ဘာတွေလဲ....)

အန်းလု၏ မျက်ဝန်းတို့ကပြူးကျယ်လာလေတော့သည်။

ချီရှန်းက သူသေပြီးနောက်ပိုင်းနဲ့ သွားစပ်ဆက်နေခဲ့သည်တဲ့လား။ ဒါဆို သူနဲ့အတူရှိနေခဲ့တဲ့ ချီရှန်းကရော။ ဘာတွေက ဘယ်လိုဖြစ်နေသည်ကို သူကိုယ်တိုင်ပင်နားမလည်နိုင်တော့ချေ။

ကျင့်ချီက ဆက်ကာပြောသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now