Chapter - 4 ( 🚨🔞🚨 )

101K 5.9K 306
                                    

#Unicode

" ထွက်သွားစမ်း "

Dominant အယ်ဖာတစ်ယောက်ကိုမြင်လိုက်ရတော့ မင်းယွီအရှေ့ကအယ်ဖာတွေ တုန်လှုပ်သွားကြတယ် …

သူတို့က ဒီအနီးအနားက ဒုစရိုက်ဂိုဏ်သေးသေးလေးတွေဖြစ်တာမို့ ရှန်ဖန်းဂူလို ခေါင်းဆောင်တစ်ယောက်ကို အပြင်မှာ မမြင်ဖူးတာမဆန်းပါဘူး … ခုလိုရုတ်တရပ်ကြီးတွေလိုက်ရတော့ သူ့တို့အတွက် ငရဲလိုပဲ …

ခု သူတို့နှောက်ယှက်မိတဲ့ အိုမီဂါက နတ်ဘုရားလိုအင်အားကြီးတဲ့ ဖန်းကူလူမှန်းသိလိုက်ရတော့ ထိုနေရာမှာ တစ်စက္ကန့်လေးတောင် မနေရဲတော့ပဲ အလင်းလျှင်နဲ့ ပြေးသွားကြတယ် …

ထိုအခါမှ ကြောက်လန့်နေတဲ့ မင်းယွီအသိပြန်ဝင်လာပြီး သူ့ကိုအေးဆက်ဆက်အကြည့်တွေနဲ့ကြည့်လာတဲ့ ဖန်းကူအရှေ့ကနေအနည်းငယ်ခွာလိုက်တယ် …

ကို့အပြစ်ကိုသိတာမို့လဲ သူ့မှာ ပြောရဲဆိုရဲတဲ့သတ္တိတွေမရှိခဲ့ဘူး … ဒီနေရာက သူ့လိုအညာတရလေးအတွက်တော့ ထူးဆန်းမှုတွေနဲ့သာပြည့်နေပြီး အံ့ဩထိတ်လန့်မှုအပြင် ဘာတစ်ခုမှမသက်နိုင်ခဲ့ဘူး …

မင်းယွီက သူ့ကိုဘာမှပြောမလာတော့ ဖန်းဂူဒေါသတွေက ပိုပြီးကြီးလာတယ် … ဒီလိုစကားနားမထောင်တဲ့ အိုမီဂါကို ဘာကြောင့်များခေါ်လာမိသလဲ …

ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ရမလား အကြံပေးတဲ့ ချူးရှန့်ကိုပဲ ပြေးထိုးရမလား ဒီယောင်လည်လည်နဲ့ ဘုမသိဘမသိလျှောင်သွားနေတဲ့ဟာလေးကိုပဲ ဆွဲလုပ်ရမလား …

ကောက်ဆွဲထိုးလိုက်ရင်လဲ သူ့အားနဲ့ဆို တစ်ချက်လောက်နဲ့ မေ့သွားနိုင်တာမို့မထိုးတာ …

ဟူး … အိုမီဂါတစ်ယောက်နဲ့ပတ်သပ်ရတာ တကယ်ကိုငရဲလိုပဲ … စိတ်ကဒိထက်ပိုမရှည်နိုင်တော့ဘူး …

" မင်း … ငါနဲ့လိုက်ခဲ့ "

မတတ်နိုင်ဘူးလေ … ဒီအချိန် ချူးရှန့်က စုံစမ်းစစ်ဆေးနေချိန်မို့ ဒီကောင်လေးကိုလဲ ကြည့်ထားမပေးနိုင်ဘူး … ဒီတိုင်း ထားခဲ့၍လဲမဖြစ်တာမို့ သူတို့ဆွေးနွေးတဲ့အခန်းထဲကိုပဲ ခေါ်လာခဲ့လိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now