Arc(1.14)

13.2K 2K 36
                                    

Unicode

Arc(1.14)
The Wild Dragon Proud Day

လီလျိုကစစ်တပ်ဝတ်စုံအားအပြည့်အဝ ဝတ်ဆင်ကာမြင်းပေါ်တွင်ထိုင်နေပြီး နေကသူ့အပေါ်မှာတောက်ပနေသောကြောင့်သူ့အားချွေးများထွက်လာစေ၏။

လတ်တလောတွင်စစ်တပ်သည်ပေါင်းပင်များဖြင့်ပြည့်နေသည့်တောင်တက်လမ်းပေါ်တွင်လမ်းလျှောက်နေကြရပြီးသစ်ပင်ရိပ်များကပြင်းထန်လှသောနေရောင်ခြည်ကိုအနည်းငယ်သာတားဆီးနိုင်ကြသည်။

လီလျိုကမြင်းဇာတ်ကြိုးပေါ်ကသူ့လက်တွေကအနည်းငယ်တောင့်တင်းနေသည်ဟုခံစားနေရလေသည်။သူနှင့်ချင်ယုတို့ပြန်လည် သင့်မြတ်ပြီးသည့်အချိန်မှစ၍သူတို့သည် တစ်ဦးနှင့်တစ်ဦးကူညီရန်ပြန်စတင်ခဲ့ရပြီး သူ့မှာထိုအရာအားနေ့တိုင်းပြုလုပ် ပေးရတော့သည်။

အခွင့်အရေးတစ်ခုလောက်ရှိတာနဲ့ချင်ယုကလည်းသူ့ရဲ့အလိုဆန္ဒကိုဖြေရှင်းပေးရန် သူ့အနားအမြဲတမ်းတွယ်ကပ် နေတော့လေသည်။ပြီးခဲ့သည့်ညကသူ့မှာ ရွက်ဖြင်တဲထဲမှတောတွင်းသို့ပင် ဆွဲခေါ်ခံခဲ့ရပြီးထိုနေရာတွင်ချင်ယုမှာ ထုတ်လွှတ်နိုင်ရန်နှစ်နာရီကျော်ထက်ပိုပြီးလိုအပ်ခဲ့ရသည်အဲ့ဒီအချိန်တုန်းကလီလျိုမှာ သူ့လက်များပင်ကျိုးသွားတော့မတတ် ခံစားခဲ့ရလေသည်။

နဂါးရဲ့အစွမ်းကသူလိုသာမာန်လူတွေနဲ့တော့တကယ်ကိုကွဲပြားပြီးကျားတစ်ကောင်လိုပြင်းထန်ကြတယ်။လီလျိုကပြီးဖို့နာရီဝက်လောက်သာလိုတာကြောင့်ချင်ယုကိုရှုံးတာကိုသူ့မှာဝန်ခံရတော့လေသည်။ကံကောင်းထောက်မစွာနဲ့သူ့ရဲ့ကိုယ်ပိုင်ဂုဏ်သတ္တိကလည်းချင်ယုရဲ့သေနတ်နဲ့ယှဉ်ရင်တော့မကျဆုံးပေ အဘယ့်ကြောင့်ဆိုသော်အကယ်၍သူ့မှာ တစ်ခြားဖြစ်စဉ်ပြန်ဖြစ်လာရင်တောင်သူကတိတ်တဆိတ်သာမျိုချလိုက်မှာ ဖြစ်တာကြောင့်ဖြစ်၏။ထပ်ပေါင်းပြောရရင်တော့ချင်ယုကသူတုံ့ပြန်မှုမသည့်အချိန်မျိုးဆိုရင်သူ့တင်ပါးကိုဆိတ်တာနဲ့သူ့ပုခုံးကိုကိုက်တာကိုလည်းသဘောကျနေတတ်သေးလေသည်။ထို့ကြောင့်အခုသူ့တင်ပါးမှာမြင်းစီးတဲ့အခါမျိုးမှာတစ်နည်းနည်းနဲ့နာကျင်နေပြီးသူ့ပုခုံးတွေကတည်းအင်္ကျီနဲ့ပွတ်တိုက်မိတဲ့အခါမျိုးမှာနာကျင်နေရသောကြောင့်အဲ့ဒါကအရမ်းကိုမသက်မသာဖြစ်စေလေတယ်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now