🍃ကိုကို သိပါစေ🍃
အခန်း (၁၆)
" ငယ်လေး ... မမ အိမ်ထဲတကယ်လိုက်ပို့ဖို့မလိုတော့ဘူးနော် "
ခြံရှေ့ရောက်သည်အထိ စိုးရိမ်တကြီးနှင့် မေးနေသော မမဝင့်ကိုကြည့်ကာ တိမ်လွှာ ပြုံးလိုက်သည် ။ ထို့နောက် မမဝင့် ကို
" အိမ်ရှေ့ပဲရောက်နေပြီ မမဝင့်ရယ် ... သား ဘာမှမဖြစ်ပါဘူး "
ဟု ပြောလိုက်သည် ။ ထိုအခါ မမဝင့် က
" အင်းပါ ... တစ်ခုခုဆို မမဆီဖုန်းဆက်နော် ... ရင်ဘတ်ကအရမ်းအောင့်လာရင် ဆေးသောက်နော် .. ပေမနေနဲ့ "
ဟု ဆက်ပြောသည် ။ ထို့ကြောင့် တိမ်လွှာ ရယ်၍ ခေါင်းညိတ်လိုက်ကာ
" စိတ်ချပါ မမရာ ... သားမသေပါဘူး "
ဟု ပြောလိုက်သည် ။ တိမ်လွှာ့စကားအဆုံးတွင် မမဝင့် က တိမ်လွှာ့ ကို မျက်စောင်းထိုးပြီး
" ကလေးစုတ်လေး ... ပြောသင့်တဲ့စကားမှန်းမသိ မပြောသင့်တဲ့စကားမှန်းမသိ လျှောက်ပြောတော့တာပဲ "
ဟု ငေါက်သည် ။ ထို့ကြောင့် တိမ်လွှာ ရယ်၍ ခြံထဲပြေးဝင်လာခဲ့သည် ။
🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂
တိမ်လွှာ အိမ်ထဲဝင်လာသောအခါ တစ်အိမ်လုံး မည်သူမှမရှိပဲ တိတ်ဆိတ်နေသည် ။
" ကိုကိုတို့အိမ်သွားတယ်ထင်တယ် "
တိမ်လွှာ စိတ်ထဲမှတွေးပြီး မိမိအခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည် ။ အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်တွင် ပစ်လှဲလိုက်သည် ။ မျက်လုံးပိတ်လိုက်သော်လည်း ခါတိုင်းကဲ့သို့ မျက်ရည်များကျမလာတော့ ။
" အင်း ... ကျစရာမျက်ရည်လဲမရှိတော့ဘူးထင်တယ် "
တိမ်လွှာ စိတ်ထဲမှတွေးမိပြီး ပြုံးလိုက်မိသည် ။ မျက်ရည်အစား ခေါင်းကကိုက်လာသဖြင့် လှဲနေရာမှ ပြန်ထလိုက်ကာ အကိုက်အခဲပျောက်ဆေးဘူးရှိသည့် စာကြည့်စားပွဲဆီ လျှောက်လာခဲ့လိုက်သည် ။ တိမ်လွှာ ဘူးထဲမှဆေးကို ယူသောက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ။ ထိုင်ခုံတွင်ထိုင်နေရင်း ငိုင်နေစဉ် အကြည့်တို့က ဘောပင်ထည့်သည့်ခြင်းဆီ ရောက်သွားသည် ။ တိမ်လွှာ ဘောပင်ခြင်းထဲတွင် ငြိမ်သက်စွာရှိနေသော ခဲတံချွန်ဓားကို လှမ်းယူကာ ဖွင့်လိုက်သည် ။ ထို့နောက် လက်ပေါ်တွင် ကိုကို ဟု ထွင်းလိုက်သည် ။ ထိုသို့ရေးရင်း သွေးများစိမ့်ထွက်လာသည်ကိုကြည့်ကာ တိမ်လွှာ သဘောကျစွာ ပြုံးလိုက်မိသည် ။
BẠN ĐANG ĐỌC
ကိုကို သိပါစေ / ကိုကို သိပါေစ (18)
Ngẫu nhiênI changed this plot from normal love to boy love.
