Arc(1.15)

12.6K 1.9K 46
                                    

Unicode

Arc(1.15) 

The Wild Dragon Proud Day

ချင်ယုကဓား၏အလယ်ပိုင်းကိုသုံး၍ မြှားတစ်ဒါဇင်ကျော်ကိုပိတ်ဆို့ရန်ကြိုးစားပြီးနောက်အလျင်အမြန်ပင်လီလျိုနှင့်လင်ရိုယန်တို့ကိုကာကွယ်ပေးကာသူတို့ကိုနောက်အနည်းငယ်ပြန်ဆုတ်သွားစေရန်လုပ်ဆောင်လိုက်သည်။သူတို့နောက်မှာတော့စစ်သားများသည်မြှားအများစုကိုပိတ်ဆို့ထားနိုင်သည့်အကာအကွယ်နံရံအားတည်ဆောက်ပြီးနေပြီဖြစ်ပြီးရှန်းဘီစစ်တပ်မှလေးသမားများမှာလည်းဒိုင်းလွှာအကွာများ၏ကွာဟချက်များအကြားမှ၎င်းတို့၏မြှားများကိုပစ်ခတ်ခြင်းအားဖြင့်ရန်သူကင်းတပ်၏တိုက်ခိုက်မှုကိုမြန်မြန်ဆန်ဆန်တုန့်ပြန်နိုင်ခဲ့သည်။

သူတို့၏တုန့်ပြန်မှုများသည်အချိန်မီဖြစ်သော်လည်းစစ်သားများစွာသည်အမျိုးမျိုးသောဒဏ်ရာများကိုတော့ရရှိခဲ့သေး၏။

သူတို့၏လူတစ်ချို့ဆုံးရှုံးပြီးနောက်မှာတော့ရန်သူလေးသမားများသည်တောထဲသို့ပြန်လည်ဆုတ်ခွာသွားကြပြီးသဲလွန်စမရှိဘဲပျောက်ကွယ်သွားကြတော့လေသည်။

သို့သော်လည်းချင်ယုကအနားမယူခဲ့ပဲရှေ့ဘက်အခြေအနေကိုသေချာစွာစစ်ဆေးရန်နှင့်အန္တရာယ်မရှိကြောင်းသေချာစေရန်ကင်းထောက်အနည်းငယ်ကိုစေလွှတ်လိုက်သည်။

ဒီလိုကင်းပုန်းတိုက်ခိုက်မှုကြောင့်မူလကစိတ်အေးလက်အေးနေခဲ့ကြတဲ့စစ်သားများဟာစိတ်ဓာတ်တက်ကြွလာတဲ့တိုက်ခိုက်ရေးစိတ်ဓာတ်တွေနဲ့နိုးနိုးကြားကြားရှိလာကြပြီးရလဒ်အနေဖြင့်၎င်းတို့သည်အခြားတိုက်ခိုက်မှုများစွာကြုံတွေ့ရပါကထိခိုက်နစ်နာမှုများစွာကိုမဖြစ်စေနိုင်တော့ပေ။

သို့သော်လည်းသူတို့ကတစ်လမ်းလုံးအလွန်ကိုဂရုတစိုက်လာခဲ့ကြသောကြောင့်နှစ်ရက်သုံးရက်သာကြာရမည့်ခရီးသည်ခြောက်ရက်နီးပါးမျှကြာသွားခဲ့ရသည်။

ချင်ယုအတွက်ကသူတို့စတင်ခရီးထွက်တိုက်ခိုက်လာပြီးကတည်းကဒီလိုအခက်အခဲကြုံတွေ့ရတာပထမဆုံးအကြိမ်ပဲဖြစ်သည်။နောက်ဆုံးတော့သူနှင့်ရှန်ဘီစစ်တပ်တို့အတွက်အတားအဆီးဖြစ်လာမည့်သူတစ်ယောက်နှင့်တော့တွေ့ဆုံရပြီဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now