Chapter - 7

56.4K 5.8K 134
                                    

#Unicode

ကမ္ဘာပေါ်မှာ အရက်ဆက်ဆုံး နှလုံးသားအမဲ့ဆုံးသူကို ပြောပါဆိုလျှင် ရှန်ဖန်းဂူ လို့ဖြေရလိမ့်မယ် … သူ့လမ်းပေါ်ရှုတ်လာတဲ့လူတွေကို လူမဆန်အောင် ရက်ရက်စက်စက်အပြစ်ပေးရမဲ့နည်းလမ်းက သူတို့ရဲ့ တန်ဖိုးထားရဆုံး ပျော်ရွှင်မှုကို ဖျက်စီးပြစ်တာပဲ …

ဒါကြောင့်လဲ သူ့မှာ တန်ဖိုးထားရတဲ့သူမရှိတာ မဆန်းပါဘူး … လောကကြီးက ပြီးပြည့်စုံတဲ့ အယ်ဖာတစ်ယောက်အဖြစ်မွေးဖွားပေးခဲ့ပေမဲ့ အဲ့ဒိပြီးပြည့်စုံမှုတွေရဲ့နောက်ကွယ်မှာ ကြောက်မက်ဖွယ်ရာ အမှန်တရားကြီးတစ်ခုရှိနေခဲ့တယ် …

ခုနေ ရှန်ဖန်းဂူက ဘယ်လိုလူမျိုးလဲ သွားမေးရင် လူတွေက ဖြေကြလိမ့်မယ် … သူက အရာရာမှာပြည့်စုံတဲ့သူ … စီးပွားရေးလား မှောင်ခိုရောင်းဝယ်ရေးလား အထက်လူကြီးတွေနဲ့ တွေ့ဆုံတဲ့နေရာမှာလား ဘယ်နေရာမဆို ရှန်ဖန်းဂူဆိုတာနဲ့ လက်မြှောက်အရှုံးပေးပြီးသားပဲ … သူကနတ်ဘုရားတစ်ပါးလို အင်းအားကြီးသူမို့ …

Dominant Alpha တွေက ကမ္ဘာမှာ အရှားပါးဆုံး ဖြစ်သလို အဲ့ဒိရှားပါးတဲ့ အယ်ဖာတွေကို လိုချင်နေကြသူတွေကလဲ ပုံလို့နေတယ် …

အများစုက အိုမီဂါတွေပေါ့ … သူတို့က ရှားပါးတဲ့ Dominant အယ်ဖာတွေကို ရတဲ့နည်းနဲ့မြှူဆွယ်ဖြားရောင်းကြတယ် … ပြီးရင် ကလေးကိုဗန်းပြပြီး သူတို့ဘဝကိုချုပ်နှောင်မယ် … ဒါက အိုမီဂါတွေတတ်နိုင်တဲ့အရာတစ်ခုပဲ …

အဲ့ဒိမာယာစက်ကွင်းကြီးထဲ ကြေကြေနပ်နပ်ကြီး ခုန်ဆင်းသွားသူကတော့ ရှန်ဖန်းဂူရဲ့ ဖခင် Dominant Alpha ရှန်ကူးမန်ပါပဲ …

ဖန်းဂူငယ်ငယ်ကတည်းက ဖခင်လုပ်ရက်တွေအကုန်သိတယ် … အိုမီဂါတွေနဲ့ထယ်လဲတွဲ … ကလေးတွေရလာရင်ထောက်ပံ့ပေး … အဲ့ဒိလုပ်ရက်တွေကြောင့်လဲ မိခင်နဲ့ဖခင်ကွဲနေပြီး သူတို့မိသားစုက ဘယ်တုန်းကမှ ချစ်မေတ္တာဆိုတာ မရှိခဲ့ဘူး …

ခု Mr.ရှန်ကူးမန်မှာ တရားဝင်မယား ၂ ယောက်ရှိတယ် … တစ်ယောက်က မယားကြီး ရှန်ဖန်းဂူရဲ့မိခင် ရန်မိုနန် … သူတို့ကခု အတူမနေကြဘူး …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now