part2

5K 418 22
                                        

Unicode&Zawgyi

(Zawgyi )

ရှောင်းကျန့် သူ့ပေါ်သို့ မှီလဲကျလာသော ခန္ဓာကိုယ် ကို ထိန်းထားလိုက်သည်....

သို့သော် စက္ကန့်ပိုင်းလောက်သာ ထိန်းထားပြီးနောက်
ဝမ်ရိပေါ်သည်ကား မြေပြင်ပေါ် သို့ ရက်ရက်စက်စက် ပစ်ချခံလိုက်ရလေသည်.....

ရှောင်းကျန့် သူ့ဝတ်ရုံလက်ဖျားနဲ့ နှာခေါင်းဝကို ကာလိုက်မိသည်....

"အားကျိ ပြောသလို ဒီလူသား ရေမချိုးတာ ဘယ်လောက်တောင် ကြာနေပြီလဲ....အနံ့ က လက်မခံချင်စရာကောင်းလိုက်တာ...."

မြေပြင်ပေါ်က ဝမ်ရိပေါ်ကတော့ ဘာဆိုဘာမှမသိ ပျော်ပျော်ကြီးမေ့မျောနေလေသည်....

မေ့မျောနေသည် ဆိုသည်ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ဟု ပြောသည်က ပို၍ မှန်လိမ့်မည်.....
အဘယ်အတွက်ကြောင့်မူ ဝမ်ရိပေါ်မှာ ရထားစက်မောင်းနေသည့်အလား တခူးခူး တခေါခေါနဲ့ ဟောက်၍တောင်နေလေသည်.....

"အားကျိ....သူ့ရဲ့ မှတ်ဉာဏ်တွေထဲကနေ အခုတွေ့ဆုံမှုအကြောင်းကို ဖျက်လိုက်...."

"သခင် ဒီလူသားက တော်တော် ညစ်ပတ်တယ်.....
အားကျိ.... သူ့ရဲ့မှတ်ဉာဏ်ကို မစားသုံးချင်ဘူး....အားကျိ က မှော်သားရဲဆိုပေမယ့် အသန့်ကြိုက်တယ်...ဒါကြောင့် အားကျိ သူ့မှတ်ဉာဏ်ကို ဖျက်ဖို့ မကူညီနိုင်ဘူး..."

အနှီ ကြက်သွန်ဥ သဏ္ဍာန် မှော်သားရဲ လေးက မာန တစ်ခွဲသားနဲ့ ဈေးကိုင်နေလေသည်....

"ရွှယ်ကျီ ဆီသွားချင်လို့လား...."

"....."

"ရွှယ်ကျီ ဆီသွားမလား.....ဒီညစ်ပတ်အိုးရဲ့ မှတ်ဉာဏ်ကို ဖျက်မလား...."

"မှတ်ဉာဏ်ဖျက်ပေးမယ်....ဟွန့် ....ဆိုးလိုက်တဲ့ သခင်....အားအားရှိ....အဲ့ဒီ ဆေးအဖိုးကြီး ရွှယ်ကျီနဲ့ပဲ ခြိမ်းခြောက်နေ....."

အားကျိ ကောင်းကင်ဘုံတွင် အကြောက်ဆုံး သူမှာ
ကောင်းကင်ဘုံ ဆေးနတ်ဘုရား ရွှယ်ကျီ ကို ဖြစ်သည်....

အားကျိမှာ သခင်ဖြစ်သူ ရှောင်းကျန့်ကိုတောင် ရွှယ်ကျီလောက်မကြောက်ပေ....

The Same L💗VE (completed )Where stories live. Discover now