Arc(1.20)

11.3K 1.7K 9
                                    

Unicode

Arc(1.20) 

The Wild Dragon Proud Day

နေကအနောက်ဘက်သို့တဖြည်းဖြည်းနစ်မြုပ်သွားပြီးညနေခင်းဆည်းဆာကကောင်းကင်ကိုလွှမ်းခြုံထားသည်။နေဝင်ချိန်၏ဆည်းဆာရောင်ခြည်နှင့်လမ်းပေါ်တွင်ချိတ်ဆွဲထားသောမီးအိမ်အမျိုးမျိုးတို့သည်အပြန်အလှန်သဟဇာတဖြစ်နေလေသည်။

လီလျိုကသေးသွယ်သည့်လင်ရိုယန်ကိုများပြားလှသည့်လူအုပ်များကြားမှတွန်းရင်းတိုက်ရင်းဖြင့်အကာအကွယ်ပေးနေသည်။သူကအဖြူရောင်အားအစွန်းဘက်တွင်အပြာရောင်နှင့်ရွှေရောင်ပွင့်အာနေသည့်ကြာပန်းပုံများဖြင့်ထိုးထားသည့်ဝတ်ရုံအားဝတ်ဆင်ထားသည်။ခါးတွင်တော့နက်ပြာရောင်အဝတစ်ဝက်လောက်ကျယ်ပြန့်သည့်ခါးပတ်ကိုဝတ်ဆင်ထားသောကြောင့်သူ့ရဲ့သွယ်ပြောင်းသောခါးကိုဖော်ဆောင်နေသည်။သူ့ကိုကြည့်ရသည်မှာပန်းချီကားတစ်ခုမှဆင်းသက်လာသောလှပပြီးတင့်တယ်လှသည့်သခင်လေးတစ်ယောက်နှင့်တူလှလေ၏။

ရံဖန်ရံခါလင်ရိုယန်ကမျက်လုံးထောင့်မှ လီလျိုကိုငေးကြည့်နေမိပြီးသူမရဲ့ပါးပြင်များကတော့ပန်းရောင်သန်းနေခဲ့သည်။သူမကတော့အဆင်ပြေစေရန်အတွက်သာမာန်အစိမ်းရောင်အဝတ်များအဖြစ်ပြောင်းလဲခဲ့တာတောင်သူမရဲ့သေးသွယ်ပြီးမြင့်မြတ်တဲ့မိသားစုမှသမီးတစ်ယောက်၏ချင်စရာအသွင်အပြင်ကိုဖယ်ရှားလို့မရခဲ့ပေ။လီလျိုကသူမကိုသေချာဂရုတစိုက်ဆက်ဆံနေသည့်ပုံစံကိုမြင်သည့်အခါမှာတော့သူမမှာမနေနိုင်ပဲစိတ်တွေလှုပ်ရှားနေမိတော့သည်။သူမကသူကြိုက်သည့်အရုပ်ဆိုင်တွေ့တိုင်းရပ်ပြီးလီလျိုအားသူမအတွက်ဝယ်ခိုင်းနေခဲ့သည်။

လီလျိုမှာတော့လင်ရိုယန်နှင့်အတူတူထွက်လာပေးရန်သဘောတူခဲ့သည်ကသူဖြစ်ပြီးဒီနေ့ကလည်းသူမရဲ့မွေးနေ့ဖြစ်တာကြောင့်လင်ရိုယန်ကစားနေသည်ကိုမတားဆီးနိုင်ဘူးဖြစ်နေသည်။သူတို့မြို့ထဲရှိမီးအိမ်များကိုရောင်းချနေသည့်အကြီးဆုံးဆိုင်သို့ရောက်သည့်အခါမှာတော့လီလျိုရဲ့လက်ထဲမှာတော်တော်များများဖြင့်ပြည့်နှက်နေခဲ့ြ့ပီဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now