၇။ မင်း ..ငါ့ကို ဘယ်လိုခေါ်လိုက်တာ..?

6.5K 674 7
                                    

၇။

" ဘာ ''

ရှန်းရီ ပုခုံးတွန့်ပြလာသည်။

" ကောင်းပြီ ၊ ငါ စောစောတုန်းက ပြောချင်တဲ့ သဘောတူညီချက်က...... ငါ..မင်းကို  လိုချင်... ''

" ဟေ့လူ ၊ ကြည့်..ရှင့်ရည်းစားက ကျွန်မတို့ကိုကြည့်နေတယ် '' သူမက ရှားယုဟန်ရှိရာကို ညွှန်ပြသည်။
သူမညွှန်ပြရာကို ကြည့်လိုက်တော့ သူတို့ကိုတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ ရှားယုဟန်ကို မြင်လိုက်ရသည်။

သူ အခုထိ ပန်ကိတ်လေးကို သဘောတူညီချက်အကြောင်းမပြောရသေးဘူးလေ။
သူ့ရဲ့ ပန်ကိတ်လေးနဲ့ သဘောတူညီချက်မရေးခင် အနှောင့်အယှက်တွေကလာခံသည့်အတွက် သူစိတ်ပျက်မိသည်။
သူရုတ်တရက် ထရပ်လိုက်တော့ သူမလန့်သွားသည်။ ပြီးတော့ သူမလက်မောင်းကိုကိုင်ရင်း ဆွဲခေါ်လာခဲ့သည်။

"ဟေ့ ၊ ငါ့ရဲ့ အစားအသောက်လေးတွေ!  ကျွန်မ အခုထိ မနက်စာမစားရသေးဘူးလေ ''
လုချင်းယီရုန်းကန်ရင်းပြောလိုက်သည်။

"oh!  စောစောတုန်းက စားလိုက်တယ်လေ အချစ်ကလေး ၊ ခုနတုန်းက မင်း အချိုပွဲ စားလိုက်တယ်လေ '' ရှန်းရီ သူ့ရဲ့ နဂိုအသံထက်မြှင့်ပြီးပြောလာလေသည်။
ဘာလို့ ငါ့ကို သူ့ချစ်သူလို ဆက်ဆံနေရတာလဲ?

" မရဘူး ၊ ကျွန်မရဲ့ကိတ်ကိုပြန်ယူပေး ''
ဒါပေမယ့် ရှန်းရီကတော့ မသိသလိုလုပ်နေလေသည်။

" ဒါပေမယ့် အချစ်လေး ၊ ကိုယ် မင်းကိုအကြံပေးချင်တာက...... မင်း.. ဝိတ်ချဖို့လိုတယ် ''
သူမရဲ့စူးရှတဲ့ အကြည့်တွေကို ဦးအချဉ်ရည်ဆီ ပစ်လွှတ်လိုက်သည်။
( Hollandaise ဆိုတာက ထောပတ် ၊ ဥအနှစ်နဲ့ ရှာလကာရည် ရောထားတဲ့ အချဉ်ရည်ဖြစ်ပါတယ် ၊ ပန်ကိတ်လေးက ရွဲု့ပြီးခေါ်တာဆိုတော့ ဒီလိုပဲ ရေးလိုက်ပါတယ် ၊ တစ်ချိန်လုံး Hollandaiseဆိုတော့လည်း မကောင်းဘူးလေနော့ 😁)

ရိုင်းလိုက်တာ!  ငါ့ရဲ့ကိုယ် အလေးချိန်နဲ့ ပတ်သက်ပြီး ဘာလို့ ဒီလောက်တောင်ပြောရဲရတာလဲ?
ငါ ဘယ်တုန်းကမှ ဝိတ်မတက်ခဲ့ပါဘူး ၊ ကောင်းပြီ လွန်ခဲ့တဲ့ ရက်လောက်က အစားစားများသွားလို့ ဖြစ်ရမယ်၊ ဒါပေမယ့်...အသည်းကွဲတဲ့အချိန်မှာ အစားများများစားတာက ကောင်းတဲ့အချက်ပဲလေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now