၈။ မင်းကို ...ငါ့ဇနီး..ဖြစ်စေချင်တယ်။

6.5K 678 8
                                    

၈။

ရှန်းရီ  အရှောင်ကောင်းလို့ တော်သေးသည်၊ မဟုတ်ရင်တော့ သူ့ရဲ့မျက်နှာကို တကယ်ထိမှန်လိမ့်မည်။

" ဟေ့ ၊ ဒါကအန္တရာယ်များတယ်လေ ! "

" အဲ့ဒီနာမည်ကို ထပ်ခေါ်ကြည့်စမ်းပါ၊ ကျွန်မ ထပ်ရိုက်ဖို့ ဝန်မလေးဘူး '' သူမ ပြောလာသည်။

ရှန်းရီ သူ့ရဲ့မျက်နှာကိုအမြန်ကာလိုက်ရသည်။
ပန်ကိတ်လေးက ဘာလို့ ဒီလောက်တောင်  ဒေါသထွက်နေလဲဆိုတာ သူစဉ်းစားလို့မရ။

" ကောင်းပြီ ၊ ငါ မင်းကို အဲ့နာမည် မခေါ်တော့ပါဘူး '' သူ ကတိပေးလာသည်။ ဒါပေမယ့် သူသိလိုက်ရတာက သူမကိုစဖို့ အဲ့ဒီနာမည်က အကောင်းဆုံးဆိုတာပါပဲ။ သူ ဘယ်တော့မှ မေ့နိုင်လိမ့်မယ်မဟုတ်။
ထို့နောက် ကြမ်းပြင်က ဖိနပ်ကိုကောက်လိုက်ပြီး သူမကိုပြန်ပေးလိုက်၏။

" ဒါဆို...ကျွန်မကို  ဘာလို့ ဒီအခန်းထဲကိုခေါ်လာတာလဲ?  ပြီးတော့ ကျွန်မကို ရှင့်ရဲ့ချစ်သူအဖြစ် ဟန်ဆောင်ရမယ်လို့ ရှင်အခိုင်အမာပြောနေတဲ့ အကြောင်းကိုလည်း ရှင်းပါဦး '' ရှန်းရီ သူမကို ဖိနပ်ပြန်ပေးတော့ သူမ မေးလာသည်။

" ဒါက နည်းနည်းတော့ရယ်စရာကောင်းတယ် ၊ ဒါပေမယ့် မင်း ရဲ့ အကူအညီကိုလည်းလိုသေးတယ် ''

" ငါ့ရဲ့ ဇနီးလောင်းဖြစ်ဖို့ ဖြောင့်မတ်တဲ့ မိန်းကလေးမျိုးကို ငါ့ဘဝမှာ မတွေ့ဖူးဘူး ၊ ပြီးတော့ မင်းက ရိုးသားတယ် ။ မင်းရဲ့အပြုအမူကို ငါ သည်းခံနိုင်တယ်လို့ထင်တာပဲ ''

" အို ၊ ဒါဆို ရှင်ဆိုလိုတာက? "

" မင်းကို ငါ့ရဲ့ဇနီး ဖြစ်စေချင်တယ် ''

ဒီစကားတွေကြောင့် သူမရဲ့ လည်ချေင်းထဲမှ အစိုင်အခဲတို့ နင်သလို ခံစားလိုက်ရသည်။ သူမ ပြန်ပြောဖို့ စကားတစ်လုံးမှ မထွက်လာတော့ချေ။

ခဏနေဦး ။ ဘာ?

ငါ့ကို သူ့ဇနီးဖြစ်စေချင်တယ်လို့ အခု သူပြောလိုက်တာလား?

ဘာလို့လဲ?
ရှန်းရီ ရဲ့ တုံးအတဲ့ ချဉ်းကပ်နည်းက သူမကို အံအားသင့်စေသည်။

ယခင်က သူမ.. ယောက်ျားအမျိုးမျိုးကို တွေ့ဖူးသည်။ ဒါပေမယ့် အခုလို  တုံးအပြီး အရှက်မရှိတဲ့ ယောကျာ်း မျိုးကိုတော့ သူမ မမြင်ဖူးပေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now