42K 4.5K 75
                                    

(Unicode)

ခွန်နှောင်း အလန့်တကြားဖြင့် ငူငေါင်ပြီးထထိုင်နေမိသည်။ သူ မည်သို့မည်ပုံဖြစ်သွားသည်တောင်
မသိလိုက်ရပဲ မိုင်းပွန်ရောက်လာလေပြီ။ ထိုသည်ကလည်း လွတ်လပ်ရေးရစခေတ်၊ စော်ဘွားငယ်၏ အိမ်သို့။

ခွန်နှောင်း အိမ်ပြန်ချင်သည်။
မုန့်လည်းစားချင်သေးသည်။

လောလောဆယ်တွင် ခွန်နှောင်း ဗိုက်ဆာလာလေသည်။ သူရှိနေသည့် အခန်းထဲမှထွက်သည့်အခါ သိလိုက်ရသည်မှာ ဤအိမ်ကြီးသည် နှစ်ထပ်တိုက်ကြီးဖြစ်သည်။ ကျွန်းလုံးကြီးများမှာလည်း လူတစ်ဖက်စာရှိပြီး ရေနံချေးနိုင်နိုင်သုတ်ထားသောကြောင့် ရှေးဟောင်း အမွေအနှစ်အပြည့်ရစေသည်။ ထို့ပြင် ရှမ်းဖျင်နီများဝတ်ဆင်ထားသော များပြားလှစွာသော လူများသည် အလုပ်ရှုပ်နေဟန်ရှိ၏။ ခွန်နှောင်း သူ့အား ကူညီခဲ့သော လူရွယ်အား လိုက်ရှာမိသည်။

"ဟိုအစ်ကို"

"အဆွေ ဘယ်အကြောင်းကြောင့် ထွက်လာလေစ၊ အကျွန်တို့ အလုပ်ပိနေသောကြောင့် လာမကြည့်နိုင်လေစ"

"မဟုတ်ဘူး ကျွန်တော် ဗိုက်နည်းနည်းဆာလို့"

"ဪ ရလေမည်၊ စားသောက်ဆောင်မှာ ခေါပုတ်ကျန်ရော့ထင်"

အစ်ကိုကပြောပြောဆိုဆို နောက်သို့ဝင်သွားလေသည်။ ခွန်နှောင်းလည်းနောက်မှလိုက်ကြည့်သည့်အခါ ထမင်းစားစားပွဲတွင် ခင်းကျင်းထားသော ခေါပုတ်ကြော်နှင့် ထန်းလျက်ရည်ကိုတွေ့ရသည်ဖြစ်ရာ ဝင်စားမိတော့လေသည်။

"အကို၊ ကျွန်တော့်ကို အဆွေအဆွေနဲ့ မခေါ်လည်းဖြစ်ပါတယ်၊ ကျွန်တော့်နာမည် သျှန်ခွန်နှောင်းပါ၊ ခွန်နှောင်းလို့ခေါ်လို့ရပါတယ်"

"ဟုတ်လေစ၊ အကျွန် ခွန်နှောင်းလို့ ခေါ်မည်စ"

"ဒါနဲ့လေ ဘာလို့အလုပ်ရှုပ်နေတာလဲဟင်"

"ဖိန်းနွှဲခါ စော်ဘွားအကြီးရဲ့ ချစ်ကြိုးသွယ်ပွဲဖြစ်လေစ"

ချစ်ကြိုးသွယ်ပွဲ .. ဘယ်လိုအရာများလဲ။ လက်ထပ်သည်လား၊ စေ့စပ်သည်လား။

"ခွန်နှောင်းစားပြီးလျှင် ထွက်ခဲ့ပါစ၊ စော်ဘွားငယ်ပြန်ရောက်ရော့မည်စ၊ လူစိမ်းတွေ့လျှင်ပြောလေမည်စ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now