31.2K 4K 33
                                    

(Unicode)

တစ်ရေးအိပ်ပြီးသောအခါ ထလာသော ခွန်နှောင်းသည် မျက်နှာက စူပုတ်ပုတ်ဖြစ်နေလောက်၏။ မှတ်ဉာဏ်တချို့ ပြန်အလုပ်လုပ်မိတော့ ခေတ်ပြောင်းရောက်လာတာပဲ မှတ်မိတော့သည်။

ငိုချလိုက်ချင်ပါသည်။ "နောက်ဆိုရေမကူးတော့ပါဘူး" ဟုသာ အော်အော်ငိုလိုက်ချင်သည်။ ထို့နောက် အခန်းထဲသို့ ဟိုလူကြီး ဝင်လာလေသည်။

"နိုးလေစ၊ အစောနက ဝင်လာသေးရော့"

"ဟုတ် ခုတော့နိုးပြီ"

သစ်ရွက်တို့ လေတိုက်၍ ပွတ်တိုက်မိသော အသံမှ လွဲ၍ စကားတို့ ခေတ္တပျောက်ရှကုန်၏။

"သွားတော့မယ်နော်"

"အဆွေ၊ အဆွေ ဆင်ရန် အဝတ်တချို့ ထည့်ထားပေးလေစ၊ အဆင်ပြေရော့ထင့်"

"ဟုတ်ကဲ့ ကြည့်လိုက်မယ်"

ဒီလိုကျတော့လည်း ဒီလူကြီးမဆိုးလှ။ ရုပ်လေးနဲ့လိုက်အောင် သဘောလည်းကောင်းသေးသည်။ ဒီလိုဆိုတော့လည်း မိုင်းပွန်မှနေ့ရက်များသည် ပျော်စရာမကောင်းသည့်တိုင် စိတ်ညစ်စရာတော့မကောင်းလှ။

~~~~~~

ချစ်ကြိုးသွယ်ပွဲ၊ တစ်နည်း စေ့စပ်မင်္ဂလာပွဲ။

ဦးသာသည် စော်ဘွားငယ်ဖြစ်သည့်တိုင် ဤမင်္ဂလာယူပွဲတွင် ဦးစီးဦးဆောင်ပြုရာ၏။ အဘယ့်ကြောင့်ဆိုသော် ကာယကံရှင်သတို့သားသည် အစ်ကိုဖြစ်သူ စော်ဘွားကြီး စဝ်စံမင်းသာ ဖြစ်သောကြောင့်။

ဦးသာဘဝတွင် မေတ္တာမျှချင်သူ တစ်ဦးသာရှိခဲ့ဖူးသည်။ နန်းစော ..မိုင်းပွန်၏ အချောအလှလေး။ သို့သော် နန်းစောသည် မိမိထက် မိမိအကိုဖြစ်သူကိုသာ ပို၍ မေတ္တာရှိလေသည်။

စဝ်စံမင်းသာသည် စဝ်စံဦးသာအား ငယ်စဉ်ကတည်းက အလျှော့ပေးအလိုလိုက်ခဲ့သော အစ်ကိုတစ်ဦးဖြစ်လေရာ ဒီတစ်ခါတွင်တော့ ဦးသာသည် အစ်ကိုဖြစ်သူအား အပြစ်မမြင်ရက်လေတော့။ စိတ်သဘောထားပြည့်ဝသော နန်းစောသည်လည်း မရီးဖြစ်ဖို့ရာ ထိုက်တန်လေသည်မို့။

"ညီငယ်"

အသံကြားရာလှည့်ကြည့်မိတော့ ရှမ်းဝတ်စုံအပြည့်အစုံဖြင့် မင်းသာနှင့် နန်းစော။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now