27K 3.7K 125
                                    

(Unicode)

ရှမ်းသတို့သမီးဝတ်စုံဖြင့် မမနန်းစောသည် လှချင်တိုင်းလှနေပြန်သည်။ သတို့သားဖြစ်သူ စဝ်စံမင်းသာ သည်လည်း မမနန်းစောနားမှ မခွါနိုင်တော့။

"နောင်တော် အတော်မှ ပျော်ရော့ထင့်၊ သွားတောင် မသိမ်းနိုင်စ"

"ညီငယ့်အလှည့် သိမပေါ့"

"ဟုတ်ပါ့ မောင်ငယ်၊ ဦးသာလို့ နှုတ်ကျိုးရော့လေ၊ ဦးသာအလှည့် ဒီ့ထက်လှတဲ့ မိန်းမသား ရှာယူလေရော့"

နန်းစောအပြောကြောင့် ဦးသာ ရီရုံရီမိသည်။ အချစ်ဦး မြေးဦးရသည်အထိ မမေ့နိုင်ဟု အဆိုရှိသည်မလား။

ခွန်နှောင်း ..
ခွန်နှောင်းကိုမတွေ့ရတော့သဖြင့် ဦးသာမျက်လုံးကစားရတော့သည်။

စားပွဲဝိုင်းတွင် အဓိကအစားအစာမလာခင် ပါးစပ်အာသာပြေဝါးရန်ချထားပေးသော ကောက်ညှင်းကင်ကို ပါးစုံကြီး ပြည့်အောင် ထိုးသွတ်စားနေသော ခွန်နှောင်းပါလေ။ ဦးသာ အနားသို့ လျှောက်သွားရတော့သည်။ ကောက်ညှင်းအများကြီးစားလျှင် အစာမကြေဖြစ်လွယ်ပါသည်။

ဟိုတလောကပင် အစားမှားထားသေးသည့် ကလေးငယ်မို့ ဦးသာ ပိုဂရုစိုက်ရပါသည်။

~~~~~~~

"ကောင်းလိုက်တာ၊ ဗိုက်ကိုတင်းသွားတာပဲ"

"နောင်များ မစားသင့်ရော့ ခွန်နှောင်း၊ ရှမ်းထမင်းချဉ် ဝက်သားချဉ်၊ နောက်တစ်ကြိမ် လျှောရော့မယ်"

"ဪ လူကြီးရယ်၊ လူကြီးနဲ့နေရင် အိမ်မှာ အသားတောင်စားမရဘူးလေဗျာ၊ ဘွားဥကလည်း လူကြီးအကြိုက် ချက်နေကျမလို့လားမသိဘူး အရသာသိပ်မပြည့်စုံဘူး၊ ခုများကောင်းလိုက်တာနော် ဝက်သားချဉ်လေးများ နေ့တိုင်းစားရရင် ကျွန်တော် နိဗ္ဗာန်ရောက်သွားလိမ့်မယ် လူကြီးရေ"

ဦးသာ သက်ပြင်းသာ တစ်ချက်ချပြီး ဂျစ်ကားမောင်းနေသော စိုင်းနောင်ကို လှမ်းပြောလိုက်လေသည်။

"တောင်ဘက်စျေးကို သွားစမ်းပါလေ့ စိုင်းနောင်၊ ဝက်သားချဉ်များ ဝယ်လာလေရော့၊ ကျုပ်ဖြင့် နားငြီးလှပြီ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now