မုန်းသည်ထက့်ပိုသော Ep-3

16.6K 1.2K 25
                                    

"အခြားသူတွေတွက်တော့ ငါက ဝမ်သခင်လေး

မင်းတွက်တော့ နတ်ဆိုးပဲ မှတ်ထား...."

ရိပေါ်က ရှောင်ကျန့် မျက်ဝန်းတွေကို စိုက်ကြည့်ကာ ထိုသို့ ပြောပြီး တံခါးကို စောင့်ပိတ်ကာ အခန်းပြင်သို့ ထွက်လာခဲ့သည်

ရှောင်ကျန့်မှာ ပါးနှစ်ဖက်က နာကျင်မှုနဲ့ ရိပေါ်ကိုလည်း ကြောက်ရွံ့မှုနဲ့ အတူ ရှောင်ကျန့်မှာ ငိုကြွေးနေမိသည်...

သူ့မိဘတွေက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ သူသိတယ် သူ့ မိဘတွေကို သူယုံတယ်

တစ်စက်တည်းမှာပဲ ရိပေါ် ကို ယုံကြည်လာအောင် အမှန်တရားကို သေချာရှာဖွေရမည်.....

ရိပေါ်ရဲ့ လူသတ်သမားဆိုတဲ့ အကြည့်တွေကို သူမခံနိုင်ဘူး ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကတော့ သူမှာမရှိ

တစ်ခုတည်းပဲ သူနဲ့ သူမိဘတွေကို မမုန်းဖို့ပဲ....

အမှန်တရားကို သိရဖို့ သူဒီက လွတ်အောင် ကြိုးစားရမည်

တကယ်လို့ တကယ်လို့ များသာ ရိပေါ်ပြောတာ အမှန်ဆိုရင် သူ ရိပေါ်စီမှာ အပြစ်ကျွေးတွေ ဆပ်ဖို့ အဆင်သင့်ပါပဲ....

~^~^~

ရိပေါ် အခန်းထဲက ထွက်လာပြီး တံခါးမှာ ကျောမှီကာ ရပ်နေမိသည်...

ဘာလို့ သူ့မျက်ဝန်းတွေက အရမ်းဖြူစင်နေရတာလဲ....

ရိပေါ်အခန်းထဲ ဝင်သွားတော့ ကြိုးချည်ထားတဲ့ လက်ကို ရုန်းထားပုံရတယ် လက်ကောက်ဝတ်တွေ ပွန်းပဲ့နေပြီ...

ဘယ်က စိုးရိမ်စိတ်ရောက်လာလဲမသိ ငြိမ်ငြိမ်မနေလို့ ပြောလိုက်မိတော့ သူကို ဖမ်းလာတာလားဆိုပြီး မေးနေတဲ့ပုံလေး

သူ့မိဘတွေပေါ်က ဒေါသတွေကို သူ့ပေါ် ပုံမိတော့ စိတ်မထိန်းနိုင်မှုနဲ့ အတူ ပါးကို ရိုက်မိသွားတာ...

သူ့ကို နာကျင်မှုတွေ ပေးပြီး အ​ကြောင်းပြချက်မရှိ ကိုယ်ပါ နာကျင်နေရပြန်ပြီ....

မင်းက ဘာလေးလဲ....

"ဝမ်ရိပေါ် မင်းသူ့ကို သနားလို့ မဖြစ်ဘူး သူ့မိသားစုကြောင့် မင်းဘဝကြီး အထီးကျန်သွားရတာ မင်းချစ်ရတဲ့ မင်းမိဘတွေကို ဆုံးရှုံးလိုက်ရတာလေ သတိတရား ထားစမ်း!!!"

မုန်းသည်ထက့်ပိုသော (မုန်းသည်ထက့်ပိုသော) (Completed) (Zawgyi Unicode)  Where stories live. Discover now