၉။ ဘဏ်တိုက်နှင့် အောင်မြင်မှု​တွေကို ယူဆောင်ပေးတဲ့ ဇနီး ။

6.2K 756 8
                                    

၉။

ရှန်းရီ အသက်ပြင်းပြင်း ရှူလိုက်သည်။

" ဒီလို ရုတ်တရက်ဖြစ်သွားတာက ကိုယ်ထင်ထားတာထက်ပိုပြီး ကို့ရို့ကားယား နိုင်တယ် ''

" အခုလိုအချိန်မှာတော့ ဒီနည်းလမ်းက အကောင်းဆုံးလို့ ကိုယ်ထင်တယ် ၊ တကယ်လို့ မင်းလက်မခံရင်တော့ ကိုယ့်မှာနည်းလမ်းမရှိတော့ဘူး '' (အမလေး ကိုယ်တဲ့နော် အချိုသပ်နေတာ)

အာ၊မိန်းမတစ်​ယောက်မြန်မြန်ရဖို့ တစ်ခြားနည်းလမ်းတွေ မရှိတော့ဘူးလား?

သူ့ရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ စကားတွေ ကြောင့် လောင်နေလေပြီ ။

လက်ထက်တာက သူ့အတွက် တော်တော်လေး အဆင်မပြေနေပါဘူး။ ဒါပေမယ့် သူ့ရဲ့ မိသားစု၊ စီးပွားရေးနဲ့ နာမည်ဆိုးကို ဖယ်ရှားဖို့ အတွက် သူမကို လိုအပ်သည်။

" ကျွန်မ ရှင့်ရဲ့နာမည်ကို မသိရသေးဘူးနော်။''

ရှန်းရီ တုံ့ဆိုင်းနေသည်။ သူမမှန်ပါတယ်လေ။
သူ ဘယ်သူလဲဆိုတာကို သူမသိသွားရင်.. သူမရော ​ပြောင်းလဲသွားမှာလား?

"ရှန်းရီက ကိုယ့်နာမည်ပါ....မိန်းကလေးလု ''

လုချင်းယီ သူ့ကို စိုက်ကြည့်လာသည်။

အခု သူ့နာမည်ကို ရှန်းရီလို့ ပြောလိုက်တာလား? အခု လက်ရှိ ရှန်းလုပ်ငန်းစုရဲ့ ဥက္ကဌနာမည် မဖြစ်နိုင်ဘူးမလား? ဟို..စီးပွားရေးလောကရဲ့ တစ်ကိုယ်တည်းသမား မကောင်းဆိုးဝါး ကြီးလေ ၊ မိန်းကလေးတွေနဲ့ ဒိတ်လုပ်ဖို့ အမြဲငြင်းဆိုပြီး တစ်ခြားကုမ္ပဏီ ကကောင်လေးတွေကို သဘောကျတဲ့ ဂေးဆိုးကြီးလား? အမလေး သွားပါပြီ😫😫

" ကျွန်မ ရှင့်ကို မယုံဘူး '' သူမက မယုံကြည်တဲ့ အကြည့်တွေနဲ့ ကြည့်လာသည်။

အဲ့ဒီလူ မဖြစ်နိုင်ဘူး ၊ ဟုတ်တယ်မလား?

"ဘာ? ငါ့နာမည်က အတု လို့ ဘာလို့ထင်ရတာလဲ? ငါ့နာမည် ရှန်းရီပါ ''

" ရှန်းလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ လား? "

ဟက် ၊ သူမသိတာပဲ ။ အနည်းဆုံးတော့ သူ့ရဲ့ နောက်ခံအင်အား ဘယ်လောက်ရှိလဲဆိုတာ သူမသိလိမ့်မည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now