Company သွားဖို့ ပြင်ဆင်ပြီး အခန်းထဲက ထွက်လာတော့ တစ်ဖက်အခန်းထဲမှာ ကျင်းရီနဲ့ ဟိုတစ်ယောက်ရဲ့ စကားသံတွေ ကြားတော့ တံခါးပေါက်ကနေ နားထောင်နေရင်း
"ကျေးဇူးတင်ပါတယ် ကျင်းရီ ငါ့မျက်နှာက ဒဏ်ရာတွေရော လက်ကို ရော ဆေးလိမ်းပေးလို့ မဟုတ်ရင် ငါ မျက်နှာ တော်တော် ယောင်နေမှာ ဒါနဲ့ မင်း ဆရာက ငါ့ကို မုန်းနေတာ မင်းသာ ငါ့ကို ဒီလို လုပ်ပေးထားတာ သိရင် မင်းဆရာက မင်းကို ဆူနေအုန်းမယ်..."
ရိပေါ်ရဲ့ မသိစိတ်ထဲ ဒေါသက ထောင်းခနဲ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်...
"အကိုလေး ဆေးလိမ်းပေးတာ ကျွန်တော် မဟုတ်..."
ကျင်းရီ ပြောလို့မဆုံးသေးခင် ရိပေါ်က အခန်းတံခါးပေါက်နေ...
"နှစ်ယောက်လုံး အခုချက်ချင်း အောက်ဆင်းလာခဲ့..."
"ဆရာက ဘာတွေ အလိုမကျဖြစ်နေတာလဲ မသိဘူး အကိုလေးရေ... မြန်မြန်သွားမယ် မဟုတ်ရင်... "
"အင်း သွားမယ် ကျင်းရီ..."
ရိပေါ် ထမင်းစားခန်းထဲ၌ ထိုင်နေရင်း အပေါ်က ဆင်းလာမဲ့ ၂ ယောက်ကို စောင့်နေသည်..
ရိပေါ် ထိုင်ခုံဘေးနား နှစ်ယောက်အတူတူရပ်နေရင်း
"ဆရာ ကျွန်တော်တို့ ရောက်ပြီ..."
"ကျင်းရီ အိမ်ရှေ့ကစောင့်! ရှောင်ကျန့် ဒီနေ့က စပြီး တစ်အိမ်လုံးရဲ့ ဝယျာဝစ္စတွေ အကုန် မင်းတာဝန်ယူရမယ်... မင်းကို ငါ ပိုင်တာ ငါ က မင်းရဲ့ သခင်လေးပဲ "
လူတစ်ယောက်လုံးကို အိမ်ပေါ် ခေါ်တင်ထားပြီး အလကားတော့ ထမင်းမကျွေးနိုင်ပါဘူး...
(အဲ့ဆို ဘာလို့ ခေါ်တင်ထားသေးလဲ....)
"ဟုတ် ဟုတ်ကဲ့ပါ..."
အမှန်ဆို ရှောင်ကျန့် ရိပေါ်ကို တကယ်ကို ကြောက်မိသည်..
ရိပေါ်က ဘယ်ချိန်ပေါက်ကွဲမယ်မှန်း မသိတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ
အကြည့်တွေကလည်း အရမ်းခက်ထန်ပြီး
စကားတစ်ခွန်းစီတိုင်းက အမိန်သံတွေကြည့်ပဲ...
YOU ARE READING
မုန်းသည်ထက့်ပိုသော (မုန်းသည်ထက့်ပိုသော) (Completed) (Zawgyi Unicode)
Fanfictionသေလောက်အောင် နာကြည်း နှိပ်စက်မှုရဲ့နောက်ကွယ်မှာ အသက်ထက်ပို တန်ဖိုးထားပြီး ချစ်မြတ်နိုးရပါသည် သေလောက်အောင် နာကြည်း နှိပ်စက်မှုရဲ့နောက်ကွယ်မှာ အသက်ထက်ပို တန်ဖိုးထားပြီး ချစ်မြတ်နိုးရပါသည်