Part (10)

9.1K 287 3
                                        

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (10)

" ကျွန်တော်တို့ ဘာကူညီရမလဲဗျ.."

" ဒုရဲအုပ် ဦးထက်မြက်နဲ့ တွေ့ချင်လို့ပါရှင့်.."

" ဗျာ.. "

" သူရှိမယ့်နေရာ လိုက်ပို့ပေးလို့ ရမလား.."

" ရပါတယ်.. ဒီဘက် ကြွပါ "

ဒုရဲအုပ် ဦးထက်မြက်

" ဆရာ.. ဧည့်သည် က ဆရာနဲ့ တွေ့ချင်လို့တဲ့ "

" အေး.. လွှတ်လိုက်လေ "

" တော်တော် အလုပ်များနေတဲ့ပုံ လုပ်မနေပါနဲ့ ဦးသေးရာ.. "

" ဟင်.. ဗြဲစိန်မ "

ထက်မြက်တို့ နှစ်ယောက် ကို ကြောင်ကြည့်နေတဲ့ တစ်ယောက် ကို လက်ပြနှင်ရသည်..။

" ဟွန့် နှုတ်ဆက်တာကလည်း ro မဆန်လိုက်တာ "

" နင် ဘယ်တုန်းက ရောက်တာလဲ "

" စောနက "

" နင်ပြောတော့ နောက်မှဆို..ဘယ်လိုလုပ် စောပြန်လာတာလဲ "

" surprise "

" ငါ့ကို ဖုန်းမဆက်ဘူး.. ငါ လာကြို မှာပေါ့ "

" ခြေထောက် ပါပါတယ် ဦးသေးရာ.."

" နင် ပါမှန်း သိတယ်.. ငါတားနေရဲ့နဲ့ ရအောင် ဟိုရောက်သွားသေးတာပဲ "

" ဦးသေးရာ ပြီးနေပြီကို ပြန်စမြုံ့ပြန်နေသေးတယ် အခု ပြန်တောင် လာနေပြီကို.."

" ငါ လှမ်းပစ်လိုက်ရ မျက်လုံး နှစ်လုံး ကန်းသွားမယ်.. "

ဦးသေးက ရေးနေတဲ့ ဘော့ပင်နဲ့ လှမ်းပေါက်ဖို့ ရွယ်နေတော့ ချစ်ချစ် ကိုယ်လေး နောက်ရို့မိသည်.

" ချစ်ချစ် ဘာလုပ်မိလို့လဲ ဦးသေးရ "

" ငါ့ကို နွားနဲ့ နှိုင်းတာလေ "

" ဟင်.. ဟုတ်လား ချစ်ချစ် သတိမထားမိလိုက်ဘူး "

" ခွေးမလေး.. "

" ခ်ခ်.. "

" အခု ဘယ်သွားမလို့လဲ "

" ဘယ်မှမသွားဘူးလေ.. "

" တူဝ ချင်း လာလိမ်မနေနဲ့.. နင့်ဦးဆီ သွားမှာမလား "

" ဟင့်အင်း မသွားသေးပါဘူး.. သူ့ဆီက နောက်နေ့မှ surprise လုပ်ရင်း သွားမှာ ချစ်ချစ် ကိုယ်တိုင် မပြောခင် ဒီကြားထဲ ချစ်ချစ် ပြန်ရောက်နေတဲ့ အကြောင်း ဦး ဆီ သတင်းရောက်သွားကြည့် ဦးသေး ကို တရားစွဲပစ်မယ်.."

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now