Part (11)

8.4K 270 1
                                        

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (11)

" ဦးသေး.. "

" တံခါး ခေါက်ဝင်စမ်းပါ.. "

" ကိုယ့်ဦးလေး အခန်းဝင်တာ ခေါက်စရာ လိုလို့လား.. "

" လိုတယ် လိုတယ်.. နောက်တစ်ခါ ဆင်ဆင်ခြင်ခြင် ဝင် "

" အင်း.. "

" ဘာလာလုပ်တာလဲ.."

" ဦးသေး ကိုမေးစရာ ရှိလို့ "

" ဘာလဲ.."

" ဦး အလုပ်မှာ မိန်းကလေး တစ်ယောက် ရှိနေတာ သိလား.."

" သူ့အလုပ်မှာ တစ်ယောက် မက ရှိပါတယ်ဟာ.."

" အာ့ကို ပြောတာ မဟုတ်ဘူး လေ.. အမ တစ်ယောက် လေ ဦး ကို မာန်ဟုန် လို့ ခေါ်တဲ့ တစ်ယောက် လေ "

ထက်မြက် ခဏ စဉ်းစားပြီးမှ..

" အော် သန္တာ ကို ပြောတာလား.. "

" ဟုတ်တယ် ဟုတ်တယ်.. ဦး က သန္တာ လို့ တရင်းတနှီး ပြန်ပြောနေသေးတယ် ဦးသေး သိလား "

" အင်း.. သိတယ် လေ ဘာဖြစ်လို့လဲ "

" ဦးသေး သိရဲ့သားနဲ့ ဘာလို့ ချစ်ချစ် ကို မပြောပြတာလဲ.. "

" ပြောစရာ လိုလား.. မာန်ဟုန် ရဲ့ အလုပ်က လူတွေ အကြောင်းလည်း "

" အလုပ်က လူတိုင်း ကိုလည်း မပြောခိုင်းပါဘူး..ဒါပေမယ့် ဦး နဲ့ ရင်းနှီးနေတဲ့ မိန်းကလေး တွေ အကြောင်းတော့ ပြန်ပြောပြပေါ့လို့ "

" မလိုပါဘူးဟာ.."

" ချစ်ချစ် အတွက် လိုတယ်.. သူတို့က ဘာတွေလဲ "

" ဟ.. ဘာလို့ ငါ့ကို လာမေးနေလဲ ကာယကံရှင် က ပိုသိမှာပေါ့ သိချင်ရင် သူတို့ကို သွားမေးပါလား "

" ဦးသေး သိနေတာပဲ.. ဦးသေး ဖြေလည်း ရရဲ့သားနဲ့ "

" လင်မယားတွေ.. "

" ဦးသေး နော်.. လျှောက်လျှောက်မပြောနဲ့ ဦး မှာ ချစ်ရမယ့်သူ မရှိသေးဘူး ချစ်ချစ် ဦးကို သွားမေးပြီးပြီ "

" အာ့များ ဘာလို့ ငါ့ကို လာမေးနေသေးလဲ.. လေကုန်ခံပြီး "

" မေးချင်လို့.. "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Donde viven las historias. Descúbrelo ahora