Part (4)

4.5K 198 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 4 )

လမ်းတစ်လျှောက်မှာ ရှိတဲ့ သဘာဝ အလှ တွေ ကို ကြယ်စင် တစ်ချက်မလပ် အကုန်စူးစမ်းနေမိ၏.....။

ဒီလိုနဲ့ ရွှေညောင် သို့ ရောက်ခဲ့ပြီလေ..

ရွှေညောင် လည်း ရွှေညောင် ဖြစ်သလို သူ၏ သဘာဝ မြို့အလှကလည်း နောက်ကျ မကျန်ခဲ့ပါ...

ရွှေညောင် မြို့ခွဲလေးဖြစ်သော ညောင်ရွှေ မြို့လေးသို့ သွားရမည်လေ...။


ရွှေညောင် မြို့လေးကနေ ညောင်ရွှေ သို့သွားဖို့လမ်းခွဲလေး   သို့ ချိုးကာ ညောင်ရွှေ မြို့ လေးထဲသို့ စတင် ဝင်ရောက်နေပြီလေ...။

ညောင်ရွှေ မြို့လေး၏ အထင်ကရ ဖြစ်သော အင်းလေး ကန် ရှိသောကြောင့် နှစ်စဉ် နိုင်ငံခြား ခရီးသွား ဧည့်သည် များက နှစ်စဉ် တိုးပွားလျက်
ရှိနေသည်မို့ ဟိုတယ် တွေကလည်း အပြိုင်အဆိုင် ဖွင့်နေကြသည်လေ...။

နိုင်ငံခြား က လှည့်လည် ရေး ခရီးသွား ဧည့်သည် များက  ညောင်ရွှေ မြို့လေးသို့ အလည်အပတ် များသည့်အတွက် နိုင်ငံရေး ဘက်က ကြည့်လျှင်လည်း နိုင်ငံခြား ဝင်ငွေ တိုးပွားအောင် လုပ်ဆောင်ပေးနေသည့် မြို့လေး များအပါအဝင်တွေထဲမှာ ညောင်ရွှေ မြို့လေးက လည်း အပါအဝင်လေ...။

ထို့ကြောင့် သန့်ရှင်းရေး ဘက်မှာလည်း အထူး ဂရုပြု ကြသည့် ညောင်ရွှေသူ ညောင်ရွှေသား ဒေသခံ တွေကလည်း ဒတက်ဒအား ဝိုင်းဝန်းကူညီစွာ အမှိုက်တစ မရှိလေအောင် သူသူငါငါ လုပ်ဆောင်ကြပုံလေးကလည်း ချစ်စရာလေး မဟုတ်လား....။

အမှိုက်ကင်းစင်နေသော ပတ်ဝန်းကျင်...
စိမ်းစို စိုပြည်နေတဲ့ သစ်ပင် ပန်းပင်တွေ....
သန့်ရှင်းလတ်ဆတ်တဲ့ လေ...
သဘာဝ လေကို ဖျက်ဆီးမယ့် စက်ရုံ တွေ မရှိ...
သန့်ရှင်းကြည်လင်လှတဲ့ အင်းလေးကန် မဟုတ်သေးသော နောက်ထပ် ကန်  တစ်ကန် ရှိသေးသည်လေ...။

ထိုကန်တွင်...
မည်သူမျှ ရေချိုးခြင်း...
မစင်စွန့်ခြင်း...
အမှိုက်သရိုက် လွှတ်ပစ်ခြင်း...
တိရစ္ဆာန် များကို ရေချိုးပေးခြင်း...
ကန်ကို ညစ်ပတ်စေမည့်  မည်သည့်အရာကိုမှ
တစ်စွန်းတစ်စ မလုပ်ကြချေ...။

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now