Ep-19

662 27 0
                                    



"ကလေးရေ....ကလေးလေးရေ...ပူတူတူးလေး...အသဲလေးရေ....တံခါးဖွင့်ပါဦးကွာ....သဲလေး ကိုကိုဝင်လာပြီနော်"

ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပဲ ဘာအကြောင်းမှမရှိပဲ​ မင်းသမီးကစိတ်ကောက်တော်မူနေသတဲ့။ အဟုန်က သွားချော့ဆိုတဲ့မျက်နှာပေးနဲ့။ စိတ်ကောက်ပြီဆိုတာနဲ့ ချော့ဖို့မလွယ်တာသိသိရက်နဲ့ ဘယ်လိုသွားစထားမှန်းလဲမသိ။ အရင်ဆုံးမျက်နှာချိုလေးသွေးပြီး....

"​သဲရေ... ဘာဖြစ်နေတာလဲကွာ​ ကိုကို့ကိုပြော​ သဲကိုဘယ်သူကဘာပြောလဲ ကိုကိုသွားငေါက်ပေးမယ်"

"ထွက်သွား​ တစ်ယောက်တည်းနေချင်တယ်"

ပုခုံးလေးဖက်ထားတဲ့လက်ကိုဖယ်ချပြီး​ မျက်နှာကိုတစ်ဖက်လွှဲလိုက်တယ်။ စိတ်ကဘာကိုအလိုမကျဖြစ်သွားမှန်းမသိ။ ဝမ်းနည်းလာသလိုနဲ့ မျက်ရည်တွေက​ တန်းပြီးရစ်ဝိုင်းလာရော။

ကိုကြီးမိန်းမယူမှာကိုတကယ်ကြောက်နေတာလား။ အချစ်ဆိုတာအတင်းလုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ​ ကိုယ်ကဖူဂျိုရှီဖြစ်နေပေမယ့် ယောက်ျားတိုင်းကိုလင်လိုက်ပေးစားလို့မရဘူးဆိုတာလဲအသိ။

စိတ်ထဲကသိကအောက်နဲ့နေလို့လဲမကောင်း။ နွမ်းနယ်သွားတဲ့စိတ်ကအဖျားကိုလက်ယက်ခေါ်လိုက်သလိုပဲ​ ချူချာလွန်းတဲ့ကျွန်မဖျားသွားခဲ့တယ်။

အားမရှိတော့သလိုဖျော့တော့သွားပြီး အိပ်ယာပေါ်မှိန်းနေလိုက်တယ်။ ခဏဆိုအဆင်ပြေသွားမှာပါ။ ဒီအသည်းကွဲတဲ့ခံစားချက်လိုမျိုးကြီးက ယီးလိုပဲ။

"သဲ... ဟင်... ဖျားနေပြီ"

စိုးရိမ်တကြီးကိုယ်ပူလာစမ်းပြီး အပြင်ထွက်သွားပြန်သည်။

"အဟုတ်.... သဲ​ ဖျားနေတယ်"

"ဟင်"

ဖျားတာနာတာကရိုးနေပြီဖြစ်ပေမယ့် အရင်လိုပြန်ဖြစ်မှာကိုတော့ သေလောက်အောင်ကြောက်သည်။ နည်းနည်းလေးတောင်စိတ်ထိခိုက်မခံတဲ့ကလေးလေးကအရင်အတိုင်းပါပဲလား။

အခန်းထဲပြေးဝင်လိုက်ပြီး....

"ဘယ်လိုလုပ်မလဲ ဆေးရုံခေါ်သွားရမလား"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now