အခန်း (၁၃)/က

6.3K 722 20
                                    

Zawgyi Ver:

ရန်ရှီးနဉ်တစ်ယောက် အိပ်ရာမှ မထချင်ဖြစ်နေသည်။

ရန်ရှီးနဉ်သည် ဖေ့ကျင်း၏ရင်ဘတ်ပေါ်တွင်ခေါင်းတင်လျက် အိပ်ပျော်နေသည်။သို့သော်လည်း သူသည် သူမအားခေါင်းလေးပုတ်ခါနိုးလိုက်သည်။သူမခေါင်းထောင်ပြီးသူ့ကို တချက်ကြည့်လိုက်ပြီး တစ်ဖက်သို့လှိမ့်ကာ ဆက်အိပ်လေသည်။

ဖေ့ကျင်းတစ်ယောက် ရန်ရှီးနဉ်ကိုလှုပ်ခါပြီးနိုးလေတော့သည်။ "ဖူးရန်.. ထတော့လို့"

ရန်ရှီးနဉ် မျက်မှောင်ကုတ်ကာ သူမမျက်လုံးများကို ဆက်ပိတ်ထားနေဆဲ..

ဖေ့ကျင်းပြုံးလိုက်သည်။"ဖူးရန်၊ မင်းစာဖတ်ဖို့အိပ်ရာထဖို့လိုတယ်လေ"

"လူရမ်းကားကောင်ကြီး! " ရန်ရှီးနဉ်က ကျိန်ဆဲလေတော့သည်။
(R:အေးလေဆဲမှာပေါ့ငါ့ရှောင်နဉ်လေးအိပ်နေတာကိုဇွတ်)

ဖေ့ကျင်းရယ်လိုက်ပြီး ရန်ရှီးနဉ်၏ကိုယ်လုံးလေးကိုလှုပ်ကာလှုပ်ကာဇွဲမလျော့တန်းနှိုးသော်လည်း သူမကတော့ဆက်အိပ်နေမြဲပင်။

"ဖူးရန် မင်းကခုထိအသိတရားမဝင်သေးဘူးဘဲ" ဖေ့ကျင်းကခနဲ့လိုက်သည်။"မင်းခင်ပွန်းလေးကို တစ်စုံတစ်ယောက်ကလျှို့ဝှက်ကြံစည်ဖို့ လုပ်နေတာကို မင်းကတော့အေးအေးချမ်းချမ်းအိပ်နေနိုင်တုန်း"

ရန်ရှီးနဉ်လည်း မနေ့ညကဘာကိစ္စဖြစ်ခဲ့သည်ကို မှတ်မိသော်လည်း ဖေ့ကျင်းအတွက်တစ်စက်မှစာနာသနားစိတ်လေးတောင်မရှိပေ။'ရှင်ကအဲ့လိုဖြစ်ဖို့ဘဲတန်တယ်'။ရန်ရှီးနဉ်တွေးနေသည်မှာ ဖေ့ကျင်းသည်အခြားသူများအပေါ်အမြဲတမ်းလိမ်လည်လှည့်ဖျားနေ၍ သူ့အားမကောင်းကြံတာခံရသည်ကမျှတာသည်ဟု...

ဖေ့ကျင်းသူ့မေးစေ့သူပွတ်ကာ "ဖူးရန် ကိုယ်သူမကိစ္စကိုဘယ်လိုဆက်ကိုင်တွယ်ရမလဲ?" "ကိုယ့်သခင်ကိုဆေးခတ်တာက ဆိုးရွားတဲ့လုပ်ကြံမှုတစ်ခုဘဲ" ရန်ရှီးနဉ်ကပြောသည်။"သေချာပေါက် သူမကို ပြင်းပြင်းထန်ထန်ကိုအပြစ်ပေးရမှာပေါ့ " "ဖူးရန်က ဒီလိုပြောတယ်ဆိုတော့ သူမကိုအတော်မုန်းနေပုံဘဲ" ဖေ့ကျင်းကပြောလိုက်သည်။"ဒီလိုဆိုရင်တော့ ကိုယ်ထပ်ပြီးကရုဏာထားပြမနေတော့ဘူး။သူမကို ကိုယ်တို့ရှေ့ကနေထာဝရပျောက်သွားအောင်လုပ်ဖို့ ကိုယ်ဆုံးဖြတ်လိုက်ပြီ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now