၁၂။ ခွေးလှောင်အိမ်ထဲ....သွားအိပ်ချင်တာလား?

6K 857 15
                                    

၁၂။

သူမကတော့ တစ်ချိန်လုံး မူးနေ၏။

သူတို့ သဘောတူညီချက် လုပ်ပြီးကတည်းက

အားလပ်ရက်ပြီးတဲ့အထိ သူမက သူနဲ့အတူနေ

ဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် သူ့ရဲ့ အခန်းကို

အတူသုံးဖို့ မဆိုလိုပါ။ ရုတ်တရက် လက်ထပ်ခဲ့

ရင် လူတွေ သံသယမဝင်နိုင်အောင် တွဲသွားတွဲ

လာလုပ်ဖို့ပင်။

ရှန်းရီ.. သူမကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ တော်သေးလို့... သူအရက်မသောက်ရသေးပေ၊ မဟုတ်ရင်တော့ ဒီည ... သူတို့နှစ်ယောက် ခက်ခဲတဲ့အချိန်တွေကို ကျော်နိုင်ပါ့မလား

" မင်း...သောက်တာများနေပြီ ၊ အခန်းထဲ ပြန်ကြရအောင် ''

" Nooo'' သူမ ရှိုက်ငိုလာသည်။

" ပြောပါ...ရှန်းရီ ၊ ကျွန်မ မလှဘူးမလား ၊

ကျွန်မတကယ် ရုပ်ဆိုးတာလား? ဘာလို့

အဲ့ဒီကောင်က ကျွန်မရဲ့ခံစားချက်တွေကို

ကလေးကစားစရာလို လုပ်ရတာလဲ!

သူ ညည်းညူလိုက်၏။ ဒီလိုမျိုးတွေကြောင့် သူ မိန်းမတွေကိုငြင်းဆန် နေရတာ။ သူတို့တွေက အချိန်ပေးပြီးတော့ကို စိတ်ခံစားချက်နောက်လိုက်ကြတယ်။ အခုတော့ သူမကိုလည်း ထားခဲ့လို့ မရနိုင်တော့ပြီ။

" မဟုတ်ပါဘူး၊ မင်း..မလှဘူးလို့ ဘယ်သူကပြောလဲ?
အဲ့တာ တစ်ခြားတစ်ယောက်ကို တွေ့သွားလို့ မင်းကို အပြစ်တင်တာ ဖြစ်မှာပါ။ အမှားတစ်ခုက
မင်း..သူ့ကို အများကြီး မချစ်ခဲ့သင့်ဘူး ၊ ''

" ဟုတ်တယ် ၊ သူကတကယ့် အရူးပဲ ''
သူမ..ထပ်ပြီး ကြို့ထိုးလိုက်သည်။ ပြီးနောက် သူမရဲ့ပါးစပ်ကို လက်နှင့်အလျှင်အမြန်ပိတ်လိုက်ရသည်။

ရှန်းရီကတော့ သူ့အပေါ်ကို မအန်ချဖို့သာ ဆုတောင်းနေရပြီ။

" အရမ်းစိတ်ပျက်စရာကောင်းတာပဲ!''

သူမရဲ့မျက်ရည်တို့ တစ်ဖန်စီးကျလာပြန်၏။
သူမကို ကြည့်ရတာ အကူအညီတောင်းခံနေတဲ့ ကြောင်ငယ်လေးတစ်ကောင်လိုပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now